ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

နိုဝင်ဘာလအတွင်း နောင်ချိုမြို့နယ်တွင် စစ်ကောင်စီမှ လေကြောင်းဖြင့်ဗုံးကြဲမှုကြောင့် ဒေသခံ (၁၇)ဦး သေဆုံးကာ (၂၆)ဦး ဒဏ်ရာရပြီး နေအိမ်အများအပြားပျက်စီး

နိုဝင်ဘာလအတွင်း နောင်ချိုမြို့နယ်တွင် စစ်ကောင်စီမှ လေကြောင်းဖြင့်ဗုံးကြဲမှုကြောင့် ဒေသခံ (၁၇)ဦး သေဆုံးကာ (၂၆)ဦး ဒဏ်ရာရပြီး နေအိမ်အများအပြားပျက်စီး

Hsan Loi Editor
22/11/2024
Share:

 

စစ်ကောင်စီတပ်သည် လေကြောင်းကို အသုံး ပြုကာ နေ့စဥ်ရက်ဆက် ပြည်သူများကိုဦးတည်ပြီး ဗုံးကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် နောင်ချိုမြို့နယ်တွင် နိုဝင်ဘာ လ (၁)ရက်နေ့မှ (၂၁)ရက်နေ့ အထိ ဒေသခံ (၁၇)ဦး သေဆုံးပြီး(၂၆)ဦး ထိမှန်ဒဏ်ရာရရှိကာ နေအိမ်အများအပြားပျက်စီးခဲ့ကြောင်း TNLA ထံမှ သိရသည်။

 

နိုဝင်ဘာလ(၂၀)ရက် ညနေ(၃း၀၀)နာရီအချိန်တွင် စစ်ကောင်စီတပ်မှ နောင်ချိုမြို့နယ် ကုန်းကြီးကျေးရွာသို့ ဂျက်ဖိုက်တာဖြင့် ဗုံး(၂)လုံးကြဲချရာ ဘုန်းကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲပြီး ကျောင်းဝန်းထဲရှိ အသက်(၂၃)နှစ်အရွယ် အမျိုး သမီး တစ်ဦး သေဆုံးကာ အမျိုးသား(၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အလားတူ ညသန်းခေါင်ယံ(၁၂း၀၀) အချိန်တွင်လည်း ကံကြီးကျေးရွာတွင် စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့်(၃)ကြိမ် ဗုံးလာရောက်ကြဲချရာ ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲပြီး ‌ဒေသခံ အမျိုး သား (၁)ဦး ထိမှန်သေဆုံးကာ (၃)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

စစ်ကောင်စီသည် နိုဝင်ဘာလ(၁)ရက်‌နေ့ကစပြီး နောင်ချိုမြို့နယ်ရှိ ဆမ္မဆယ်ကျေးရွာတွင် ဗုံး(၆)လုံး ကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ(၃)ဦးသေဆုံး၊ (၆)ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။

 

အလားတူ နိုဝင်ဘာလ(၁၂)ရက်‌နေ့တွင်လည်း လန်းဆန်းလက်ဖက်ရည်ဆိုင်မှာ ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ပြည်သူ(၁၁)ဦးသေဆုံး၊(၁၁)ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ နောင်ချို့မြို့နယ် လုံစံကျေးရွာကို နိုဝင်ဘာလ (၁၆)နေ့တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက်(၁၂)နှစ် အရွယ် ကလေးငယ်(၁)ဦး သေဆုံးပြီး ပြည်သူ(၃)ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ နိုဝင်ဘာလ(၁၈) ရက်နေ့တွင် နောင်ချိုမြို့နယ် ဆမ္မဆယ်ကျေးရွာ အင်းဝိုင်းအမှတ်(၃)ဆင်းရွှေလီသကြားစက်ရုံတွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲမှုကြောင့် အမျိုးသား(၁)ဦး ထိမှန်သေဆုံးခဲ့ရကြောင်း သိရပါသည်။

 

ဒေသခံပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန်၊ စစ်ရေးသတိရှိရန်၊ လူစုလူဝေးမပြုလုပ်ကြရန်နှင့် လေကြောင်းရန် ကာကွယ်မှုဆိုင်ရာ အသိပေးထုတ်ပြန်ချက်များ လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း PSLF/TNLA မှ အသိပေးထုတ်ပြန်ထားပါသည်။