နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

နမ့်ဆန်မြို့အား TNLA က သိမ်းပိုက်ထားပြီး မရေမတွက်နိုင်သော လက်နက်ခဲယမ်းများ သိမ်းဆည်းရမိဟုဆို

နမ့်ဆန်မြို့အား TNLA က သိမ်းပိုက်ထားပြီး မရေမတွက်နိုင်သော လက်နက်ခဲယမ်းများ သိမ်းဆည်းရမိဟုဆို

Hsan Loi Editor
18/12/2023
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့ကို TNLA အဖွဲ့က တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်း TNLA က ထုတ်ပြန်ခဲ့သည်။ ထိုအတူ စစ်ကောင်စီတပ်၏ ဟောင်ဝစ်ဇာ အမြောက် ၄ ခု၊ လက်နက်မျိုးစုံ၊ မိုင်းမျိုးစုံ၊ ခဲယမ်းမျိုးစုံများစွာနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိသည်ဟု ဆိုသည်။

 

နမ့်ဆန်မြို့ရှိ စစ်ကောင်စီ တပ်မ-၁၀၁၊ တပ်မမှူးအခြေချ ကွပ်ကဲနေသော တပ်စခန်းအားလုံးကို ဒီဇင်ဘာ ၁၅ ရက် ညနေပိုင်းမှာ အလုံးစုံ ဝင်ရောက်ရှင်းလင်းနိုင်ခဲ့ခြင်း ဖြစ်သည်။ မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ အလောင်း (၆၀) ကျော်နှင့်စစ်သုံ့ပန်းအဖြစ် စစ်ကောင်စီတပ် (၃၀) ဦး၊ မိသားစုဝင် (၃) ဦး၊ ရဲ (၆) ဦး၊ ရဲမိသားစုဝင် (၂၅) ဦး စုစုပေါင်း (၆၄) ဦး ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။