ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် နားရိုင်းပြည်သူ့စစ်(ဌာနေ)အဖွဲ့မှ အခြေခံစစ်ပညာသင်တန်းဖွင့်လှစ်ပြီး သင်တန်းသား(၄၀၀)ကျော် တက်ရောက်ကြောင်း သိရသည်။
ပြည်သူ့စစ် အခြေခံစစ်ပညာသင်တန်း(၁/၂၀၂၄) ကို အောက်တိုဘာလ(၁၄)ရက်နေ့က နမ့်စန်မြို့နယ်၊ ဟိုင်းနားကြီးကျေးရွာအုပ်စု၊ ခါနန်ကျေးရွာမှာကျင်းပခဲ့ပြီး စစ်ကောင်စီ၏ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်း ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးကြောင်း သိရသည်။
ပြည်သူ့စစ်သင်တန်းကို (၂)လကြာပို့ချသင်ကြား ပေးသွားမှာဖြစ်ပြီး မိုင်းစိတ် ၊ နမ့်လစ် ၊ ပိန်းဆယ် နှင့် ဟိုင်းနားကြီး ကျေးရွာအုပ်စုတို့မှ သင်တန်းသား (၄၁၀)ဦးနှင့် သင်တန်းသူ (၄၅)ဦး ၊ စုစုပေါင်း (၄၅၅)ဦး တက်ရောက် သင်ကြားကြောင်း သိရှိရပါသည်။