ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ကျောက်မဲ-မိုင်းငေါ့လမ်း နမ့်မန်းရွာတွင်ရှိသော စိမ့်စမ်းရေထွက်တစ်ခုအား ဒေသခံများက အယုံအကြည်လွန်ကဲပြီး အဆိုပါရေချိုးပါက ရောဂါပျောက်ကင်းသည်ဟု ကောလဟလများ ထွက်ပေါ်ခဲ့သည်။ ထို့ကြောင့် အဆိုပါ စိမ့်စမ်းရေသည် နတ်ရေစင်ဟု နာမည်ကြီးလာပြီး တစ်ရက်ထက်တစ်ရက် ရေသွားချိုးကြသော ဒေသခံများဖြင့် စည်ကားလျက်ရှိသည်။
သို့သော် ယမန်နေ့ အောက်တိုဘာလ (၂၃) ရက်နေ့တွင် မန်တုံမြို့တွင်နေထိုင်သော အသက် (၆၄) နှစ်အရွယ်ရှိသူ အမျိုးသမီးတစ်ဦးသည် နတ်ရေစင်၌ ရေလာချိုးပြီးနောက် ကျောက်မဲမြို့နယ် လွယ်ခေါ်ရွာရှိမိတ်ဆွေအိမ်တွင် ဝင်ရောက်လည်ပတ်ရင်း ရုတ်တရက်သေဆုံးခဲ့ကြောင်း သိရသည်။
“ကျနော်တို့အထင်တော့ ဆောင်းရာသီလည်းဝင်နေပြီဖြစ်တယ်။ ဒီအချိန်မှာစိမ့်စမ်းရေက တော်တော်အေးနေပြီ နေ့ခင်းဘက်ခရီးဝေးကလာရင်းရေချိုးပြီး အအေးပတ်သွားလို့ ရုတ်တရက်သေဆုံးရတာလို့ပဲထင်တယ်။ ယုံကြည်မှုရှိတာက ကောင်းပေမယ့် ယုံကြည်မှုလွန်ကဲတာကတော့ မကောင်းဘူးပေါ့လေ။ ဒီစိမ့်စမ်းရေမှာ ရေချိုးရင် ရောဂါပျောက်တယ်ဆိုလို့ နေ့တိုင်း အဲ့ရေကိုလာချိုးနေတဲ့လူတွေက စည်ကားနေတာပဲ။ အရင်တစ်ပတ်ကလည်း အမျိုးသမီးတစ်ဦး ရေလာချိုးရင်း ရေထွက်ပေါက်နားက ကျောက်တုံးပေါ်ကနေ ပြုတ်ကျပြီး အသက်ဆုံးရှုံးခဲ့သေးတယ်။ အခုနောက်တစ်ယောက်ထပ်ဖြစ်ပြန်ပြီဆိုတော့ ကျနော်တို့ ပြည်သူတွေအနေနဲ့ လူတွေပြောတာကိုအရမ်းယုံကြည်မှုမလွန်ကဲပါနဲ့လို့ပဲ ပြောချင်ပါတယ်။” ဟု ကျောက်မဲမြို့ လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးက ပြောပြသည်။
နတ်ရေစင်ဟု နာမည်ကြီးလျက်ရှိသည့် စိမ့်စမ်းရေထွက်သည် ပြည်တွင်းစစ်ပဋိပက္ခများကြောင့် ကျေးရွာပျက်ဖြစ်နေသည့် ကျောက်မဲမြို့နယ် နမ့်မန်းကျေးရွာတွင် တည်ရှိသည်။