ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
နစက ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် (RCSS/SSA) ဥက္ကဌ ဗိုလ်ချုပ်ကြီးယွက်စစ်အား ဝဏ္ဏကျော်ထင်ဂုဏ်ထူးဆောင်ဘွဲ့ ပေးအပ်ခဲ့သည်။
ယနေ့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၁၃) ရက်နေ့ သျှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ မြို့တော်ခန်းမ၌ အဆိုပါ ဝဏ္ဏကျော်ထင် ဂုဏ်ထူးဆောင်ဘွဲ့ ပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် နစကဥက္ကဌကိုယ်စား သျှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းမှ ပေးအပ်ပြီး RCSS/SSA ဥက္ကဌကိုယ်စား ဗိုလ်မှူးကြီးဆောင်းဟန်က တက်ရောက်လက်ခံရယူခဲ့သည်။
ယနေ့အခမ်းအနားတွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် ဥက္ကဌအပါအဝင် ကယန်းအဖွဲ့-KNG ခေါင်းဆောင် ဦးကေဘရယ်ပျံအား ဝဏ္ဏကျော်ထင်ဘွဲ့၊ ဝ အမျိုးသားပါတီဥက္ကဌ ဦးခွန်ထွန်းလူအား သီရိပျံချီဘွဲ့၊ ဦးထွန်းမြင့်အား သီရိပျံချီဘွဲ့၊ စာရေးဆရာ ဦးသန်းထွန်း (သိန်းသန်းထွန်း) အား အလင်္ကာကျော်စွာဘွဲ့ ကို သျှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်လှမိုးတို့က ပေးအပ်ကြောင်း သတင်းရရှိသည်။
အဆိုပါ ဂုဏ်ထူးဆောင်ဘွဲ့များပေးအပ်ခြင်းအခမ်းအနားကို ဇန်နဝါရီလ (၄) ရက်နေ့က နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သော်လည်း RCSS/SSA ဥက္ကဌ မှ တက်ရောက်လက်ခံရယူခြင်း မရှိသည့်အတွက် ယခုလို တောင်ကြီးမြို့တွင် ထပ်ဆင့်ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။