ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်နယ်တွင် ထွက်ရှိသော ကြံများကို အဓိကဝယ်ယူလျက်ရှိသည့် ငွေရည်ပုလဲသကြားကုမ္ပဏီလီမိတက်သည် ဩဂုတ်လ(၁)ရက်နေ့ ၂၀၂၃-၂၀၂၄ ကြံရာသီအတွက် ကြံတစ်တန်လျှင် စက်ရုံအရောက်(၁၁၀,၀၀၀)ကျပ်ဖြင့် ဝယ်ယူမည်ဟု ထုတ်ပြန်သတ်မှတ်ခဲ့သည်။ ယခင်နှစ်က ကြံတစ်တန်လျှင် (၉၅၀၀၀) ကျပ်ဖြင့်သာ ဝယ်ယူခဲ့သော်လည်း ယခုနှစ်တွင် ကြံတစ်တန်လျှင် (၁၁၀,၀၀၀) ကျပ်အထိ တိုးမြှင့်ခဲ့ခြင်းဖြစ်သည်။
သို့သော် ယခုနှစ်တွင် ကုန်စေ◌ျးနှုန်းအဆမတန်မြှင့်မားလာမှုကြောင့် ကြံစိုက်ပျိုးရာတွင် အသုံးပြုသော ဓာတ်မြေဩဇာတစ်အိတ်၏ တန်ဖိုးသည် (၁၃၀,၀၀၀)ကျပ်ရှိသည်ဟုဆိုသည်။
“အခုနှစ်က ကုန်စေ◌ျးနှုန်းတွေလည်း အဆမတန်မြင့်တက်လို့ ကြံခင်းထဲထည့်ဖို့အတွက် မြေဩဇာဖိုးကိုပဲ တစ်အိတ်ကိုတစ်သိန်းသုံးသောင်းလောက်ပေးဝယ်ရတယ်။ ဒါက မြေဩဇာဖိုးပဲရှိသေးတယ် လူငှားခ၊ ပေါင်းနုတ်ခ၊ ဆေးဖျန်းခတွေမပါသေးဘူး။ ကြံပေါ်ရင်လည်း ကားခနဲ့လူငှားခက ကြံဖိုးရဲ့တစ်ဝက်လောက်ပေးနေရတယ်။ အခုလို ငွေရည်ပုလဲဘက်က တစ်တန်ကို တစ်သိန်းတစ်သောင်းကျပ်တိုးပေးတာတော့ ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် တကယ်တမ်းအခုငွေစေ◌ျးနဲ့ပြန်တွက်တော့ ကြံအထွက်ကောင်းမှပဲ ကျန်မယ့်သဘောရှိတယ်။ ကျနော်တို့မှန်းထားတာက တစ်တန်ကိုတစ်သိန်းခွဲရမှပဲ ကြံစိုက်တဲ့သူတွေအတွက် အဆင်ပြေနိုင်လောက်မှာဗျ။” ဟု ကျောက်မဲမြို့နယ်အတွင်း ကြံစိုက်တောင်သူတစ်ဦးက ပြောပြသည်။
ငွေရည်ပုလဲကုမ္ပဏီအနေဖြင့် ကြံစိုက်တောင်သူများအတွက် ကြံစိုက်ဧကကိုတွက်ချက်ပြီး အတိုးမဲ့စနစ်ဖြင့် ငွေကြိုထုတ်ချေးပေးလျက်ရှိပြီး ကြံပေါ်ချိန်ရောက်မှ ပြန်လည်နုတ်ယူခြင်းဖြစ်သည်။