ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ဓါးဖြင့် အကြမ်းဖက် တိုက်ခိုက်ခံရသည့် လားရိူးက အမျိုးသားတဦး ကူညီပေးမည့်သူမရှိဖြစ်နေ

ဓါးဖြင့် အကြမ်းဖက် တိုက်ခိုက်ခံရသည့် လားရိူးက အမျိုးသားတဦး ကူညီပေးမည့်သူမရှိဖြစ်နေ

Hsan Loi Editor
03/03/2023
Share:

 

ဖေဖော်ဝါရီလ ၂၅ ရက်နေ့လည်ပိုင်းက ပုံပါ လားရိူးမြို့နေ အမျိုးသားသည် ၎င်းတို့ခြံဝန်းဘက်သို့ ကျော်လာသည့် သစ်ကိုင်းများကို ခုတ်ထွင်ရှင်းလင်းရာမှ ဘေးအိမ်နှင့် အချင်းများကြပြီး အဆိုပါဘေးအိမ်မှ လူ ၅ ဦးခန့်၏ ညအချိန် ဓါးများဖြင့် ဝင်ရောက် အကြမ်းဖက် တိုက်ခိုက်ခြင်းကို ခံလိုက်ရပါသည်။

 

“(ပုံပါအမျိုးသားက) သူက ဘေးအိမ်ကကျော်လာတဲ့သစ်ကိုင်းတွေကို ရှင်းတာပါ၊ သူတို့က ဗမာလိုသူ့ကို ဆဲပါတယ်။ သူက သျှမ်းလိုပြန်ပြောတာပါ။ ညရောက်တော့ သူ့ကို ဓါးနဲ့ လာခုတ်သွားကြတာ၊ အိမ်ဘေးက ဗမာအမျိုးသားတွေဖြစ်ပါတယ်” ဟု ဆွေမျိုးတော်စပ်သူတဦးက ပြောပါသည်။

 

အဆိုပါအိမ်နီးနားချင်းလူအုပ်စု၏ ဓါးဖြင့် အကြမ်းဖက် ဝင်ရောက်တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသွားကာ မျက်နာကို ၁၃ ချက် ချုပ်လိုက်ရသည်ဟု ဆိုသည်။

 

ရပ်ကွက်လူကြီးများထံသို့ တိုင်ကြားထားသော်လည်း အကြောင်းမထူးဟု ပြောပါသည်။

 

လားရိူးမြို့၊ နှင်းဆီလမ်း၊ အမှတ် ၁ ရပ်ကွက်၊ နယ်မြေ ၈ ၌ နေထိုင်ပြီး အဆိုပါနေရာ၌ပင် အခင်းအကျင်းဖြစ်ပွားခဲ့သည်ဟု သိရသည်။

 

ထင်းရှာ ရောင်းသည့် အမျိုးသားတဦးဖြစ်ပြီး အောက်ပါဖုန်းနံပါတ်ကတဆင့် ဆေးဖိုးဝါးခကူညီပေးရန် ပြောကြားလာပါသည်။

 

ဆက်သွယ်ရန်-

နန်းမြတီ (ဆွေမျိုးတော်စပ်သူ)

09403726577