ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ဒီးမော့ဆိုနှင့်ဘောလခဲ နယ်စပ်ကြားတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား(၈)ဦးသေပြီး တစ်ဦးအရှင်ဖမ်းမိခဲ့ကြောင်း သိရ

ဒီးမော့ဆိုနှင့်ဘောလခဲ နယ်စပ်ကြားတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား(၈)ဦးသေပြီး တစ်ဦးအရှင်ဖမ်းမိခဲ့ကြောင်း သိရ

Hsan Loi Editor
20/04/2023
Share:

 

ယမန်နေ့ ဧပြီလ(၁၉)ရက်နေ့က ကယားပြည်နယ်(ကရင်နီပြည်နယ်) ဒီးမော့ဆိုမြို့နယ်နှင့်ဘောလခဲမြို့နယ်ကြား၌ စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား(၈)ဦး သေဆုံးခဲ့ကြောင်း ကရင်နီပူးပေါင်းတပ်ဖွဲ့မှ သတင်းထုတ်ပြန်ခဲ့သည်။

 

ဒါ့အပြင် စစ်ကောင်စီတပ်သားတစ်ဦးကိုလည်း အရှင်ဖမ်းမိခဲ့သလို သေနတ်(၆)လက်နှင့် ကျည်ဆံများစွာ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ပွဲတွင် KA၊ KNDF တို့မှ ပူးပေါင်းတိုက်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့တပ်သားများ ဒဏ်ရာရရှိခြင်းမရှိဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ စစ်ကောင်စီတပ်၏ စစ်ကားတစ်စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့သည်ဟုဆိုသည်။

 

ဧပြီလ (၁၆) ရက်နေ့နှင့် ဧပြီလ (၁၇) ရက်နေ့တွင်လည်း စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့တို့ ဒီးမော့ဆိုမြို့နယ်၌ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများစွာကို သိမ်းဆည်းရမိခဲ့ကြောင်း ကရင်နီပူးပေါင်းအဖွဲ့မှ ထုတ်ပြန်ခဲ့သေးသည်။