ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ထိုင်း – မြန်မာ ချစ်ကြည်ရေးတံတားပေါ်တွင်အ သက် (၅၇)နှစ်အရွယ် အမျိုးသမီးတစ်ဦးလဲ ကျသေဆုံး 

ထိုင်း – မြန်မာ ချစ်ကြည်ရေးတံတားပေါ်တွင်အ သက် (၅၇)နှစ်အရွယ် အမျိုးသမီးတစ်ဦးလဲ ကျသေဆုံး 

Hsan Loi Editor
02/05/2023
Share:

 

တာချီလိတ်မြို့နယ် ထိုင်း– မြန်မာအမှတ်(၁)ချစ် ကြည်ရေး တံတားပေါ်တွင် ယနေ့နံနက်ပိုင်း ၉ နာရီ ချိန်ခန့်ကအသက် (၅၇)နှစ် အရွယ် အမျိုးသမီးတစ်ဦးလမ်း လျှောက်နေစဉ် ရုတ်တရက်လဲကျ သေဆုံးသွားကြောင်း သိရသည်။

 

သေဆုံးသူအမျိုးသမီးနှင့် သမီးဖြစ်သူတို့သည် မယ်ဆိုင်သို့ အလည်သွားရန် TBPကဒ်လုပ်ပြီး တံတားပေါ်မှအထွက် မူးလဲ သွားကြောင်းသိရသည် ။

 

ယင်းသို့ လဲကျပြီးနောက် နီးစပ်ရာ သုံးဘီးယာဉ်နှင့် တာချီလိတ်ခရိုင်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး စစ်ဆေးကြည့်ရာဦးနှောက်သွေးကြောပေါက်ခြင်းကြောင့် သေဆုံးသွားခြင်း ဖြစ်ကြောင်းသိရသည်။

 

၄င်းသေဆုံးသူ အမျိုးသမီးသည် တာချီလိတ်မြို့ နယ် ၊အောင်ချမ်းသာ ရပ်ကွက်၊လွယ်တော်ခမ်းတွင် နေထိုင်သူဖြစ်ပြီး သွေးတိုးရောဂါ အခံ ရှိသူတစ်ဦးလည်း ဖြစ် ကြောင်း သိရှိရပါသည်။