ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ထိုင်းနိုင်ငံအတွင်း ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့် လျှောက်ထားနိုင်ပြီး ခွင့်ပြုချက်ရရှိပြီးပါက (၁)နှစ် နေထိုင်အလုပ်လုပ်ကိုင်နိုင်မည်ဟု မြန်မာသံရုံးထုတ်ပြန်

ထိုင်းနိုင်ငံအတွင်း ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့် လျှောက်ထားနိုင်ပြီး ခွင့်ပြုချက်ရရှိပြီးပါက (၁)နှစ် နေထိုင်အလုပ်လုပ်ကိုင်နိုင်မည်ဟု မြန်မာသံရုံးထုတ်ပြန်

Hsan Loi Editor
25/10/2024
Share:

 

ထိုင်းနိုင်ငံတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသားအလုပ် သမားများ၊ တရားဝင် ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့်ရရှိပြီးမှ သက်တမ်းကုန်သွားသူများ၊ တရားဝင် ဝင်ရောက်လာခဲ့ပေမယ့် ခွင့်ပြုချက်မရဘဲ တရားမဝင် အလုပ်လုပ်ကိုင်နေသူများအနေဖြင့် ထိုင်းနိုင်ငံတွင်း ယာယီ နေထိုင်အလုပ်လုပ်ကိုင်ခွင့် လျှောက်ထားနိုင်ပြီး ခွင့်ပြုချက်ရရှိပြီးပါက ထိုင်းနိုင်ငံတွင်း (၁)နှစ် နေထိုင်အလုပ်လုပ်ကိုင်နိုင်မည်ဟု ထိုင်းနိုင်ငံ မြန်မာသံရုံက ယမန်နေ့မှာ တရားဝင်ထုတ်ပြန်လာပါသည်။

 

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြသော မြန်မာလုပ်သားများအား ထိုင်းအစိုးရအဖွဲ့၏ စက်တင်ဘာလ(၂၄)ရက်နေ့မှာ ထုတ်ပြန်ခဲ့သည့် အတည်ပြုဆုံးဖြတ်ချက်တွေအရလို့ သိရပါသည်။

 

အလုပ်လုပ်ကိုင်ခွင့်ပြုထားသည့် ပတ်စ်ပို့ (သိုမဟုတ်) CI လက်မှတ် ကိုင်ဆောင်ထားသည့် အလုပ် လုပ်ကိုင်ခွင့်ပါမစ် သက်တမ်းတိုးမည့် နိုင်ငံခြားသား အလုပ်သမားများအနေဖြင့် (၂)နှစ် သက်တမ်း ရှိသော ယာယီနေထိုင် အလုပ်လုပ်ခွင့် လျှောက်ထားနိုင်ပြီး နောက်ထပ်(၂)နှစ် သက်တမ်းတိုးခွင့်လည်း ရှိကာ (၄)နှစ်အထိ ခွင့်ပြုပေးမည်ဟု သိရသည်။

 

နိုင်ငံခြားသား အလုပ်သမားများအတွက် အဆင်ပြေချောမွေ့စေရန် ဖြည့်စွက် စီမံချက်အနေဖြင့် အလုပ်ဟောင်းမှ ထွက်ပြီး အလုပ်သစ် ရှာဖွေချိန်ကာလကို ယခင် ရက်(၃၀) သတ်မှတ်ထားရာမှ ရက် (၆၀) အထိ တိုးမြှင့်သတ်မှတ်ပြီး အလုပ်ခန့်ထားမှုဆိုင်ရာ အချက်အလက်တွေကို မှတ်ပုံတင်အရာရှိထံ တင်ပြခြင်းကို ကင်းလွတ်ခွင့်ပြုလိုက်ကြောင်း ထုတ်ပြန်ထားသည်။

 

“လူသစ်ဘတ်ရိုက်တာတော့ ထိုင်းအစိုးရက ရက်ကြေငြာမှ လုပ်လို့ရမယ်၊ လူဟောင်းတွေအနေနဲ့ MOU သက်တမ်း(၂)နှစ် ၊ CI ကိုင်ဆောင်ထားသူတွေ သက်တမ်း(၂)နှစ် ရှိဖို့လိုတယ်၊ နိုင်ငံကူးလက်မှတ် အသစ် လဲချင်သူတွေက ဘန်ကောက်သံရုံးနဲ့ ချင်းမိုင်သံရုံးမှာ လဲလို့ရတယ်၊ CI ကိုင်ထားတဲ့သူတွေက နယ်စပ်က ဂိတ်တွေမှ CI စခန်းဖွင့်ရင် လဲခွင့်ရတယ်”လို့ ထိုင်းရောက် မြန်မာအလုပ်သမားများထံမှ သိရသည်။

 

သက်တမ်းကုန် CI စာအုပ်အဟောင်းများအား CI စာအုပ်အသစ် လဲလှယ်နိုင်ရေး စခန်းဖွင့်လှစ် ဆောင်ရွက်နိုင်ရန် နှစ်နိုင်ငံ ညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး လဲလှယ်ရမည့်နေရာအား ထပ်မံအသိပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။