ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ထိုင်းနိုင်ငံသို့ အလုပ်လုပ်ကိုင်ရန် သွားရောက်စဉ် ကားမှောက်၍ ပင်လောင်းဒေသခံ ၁ ဦးအပါ အဝင် ၃ ဦးသေဆုံး  

ထိုင်းနိုင်ငံသို့ အလုပ်လုပ်ကိုင်ရန် သွားရောက်စဉ် ကားမှောက်၍ ပင်လောင်းဒေသခံ ၁ ဦးအပါ အဝင် ၃ ဦးသေဆုံး  

Hsan Loi Editor
03/12/2022
Share:

 

ထိုင်းနိုင်ငံသို့ MOU ဖြင့်တရားဝင်အလုပ်လုပ်ကိုင်ရန် ထွက်ခွာလာသော မြန်မာလုပ်သား (၄၂) ဦးတင်ဆောင်လာသည့်ယာဥ်သည် နိုဝင်ဘာ၂၉ ရက်၊ ည (၉) နာရီခန့်က မဲဆောက် –ဘန်ကောက်လမ်းပိုင်း တာ့ခ် ကီလိုမီတာ ၆၈ အနီး၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး အမျိုးသား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

 

သေဆုံးသူ ၃ ဦးထဲတွင် သျှမ်းပြည်နယ်၊ တောင်ပိုင်း ပင် လောင်းမြို့နယ်၊ ထီယွန်းကျေးရွာ၌ နေထိုင်သော (၁၉) နှစ်ရှိ မောင်ခွန်ဟန်အောင်နှင့် အခြားဒေသမှ မြန်မာလုပ်သား (၂) ဦးတို့ဖြစ်ကြောင်း သိရသည်။

 

ယာဥ်ပေါ်တွင်လိုက်ပါလာသော မြန်မာလုပ်သား (၄၂) ဦးလည်း ဒဏ်ရာအသီးသီးရရှိကာ ဆေးကုသမှုခံယူနေကြောင်း သိရသည်။

 

စစ်ကောင်စီကအာဏာသိမ်းပြီးနောက် ပြည်တွင်းကုန်ဈေး နှုန်းကြီးမြင့်လာမှုနှင့်အတူ အလုပ်အကိုင်ရှားပါးလာသဖြင့် မိသားစုများစားဝတ်နေရေးနှင့် မိမိဘဝတိုးတက်မှုရှာဖွေရန် မြန်မာလူငယ်အများအပြား ပြည်ပနိုင်ငံများဆီသို့ စွန့်စားထွက်ခွာလျှက်ရှိသည်။

 

#HsanLoiVoice

 

https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=

 

https://hsanloivoice.org/