နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ထိုင်းနိုင်ငံရောက် အသက် ၅ နှစ်အရွယ် သျှမ်းလူမျိုးကလေးတစ်ဦး အသတ်ခံရ/ကျူးလွန်သူမှာ ပင်လောင်းမြို့နေထိုင်သူဖြစ်နေ

ထိုင်းနိုင်ငံရောက် အသက် ၅ နှစ်အရွယ် သျှမ်းလူမျိုးကလေးတစ်ဦး အသတ်ခံရ/ကျူးလွန်သူမှာ ပင်လောင်းမြို့နေထိုင်သူဖြစ်နေ

Hsan Loi Editor
19/08/2023
Share:

 

သြဂုတ်လ ၁၅ ရက်ကဖြစ်ပွားခဲ့သည့် ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ ဆိုနီနဖာသာနီကျေးရွာတွင် အသက် ၅ နှစ်အ ရွယ် ကျောင်းသားတစ်ဦးကို သတ်၍ ရေကန်ထဲ စွန့်ပစ်ခဲ့ သွားကြောင်း ထိုင်းသတင်းဖော်ပြချက်များအရ သိရသည်။

အသတ်ခံရသည့်ကလေးငယ်မှာ သျှမ်းတိုင်းရင်းသား မိသားစု တစ်ခုမှဖြစ်ပြီး ထိုင်းနိုင်ငံသို့ မိသားစုလိုက်ပြောင်းရွေ့ နေထိုင်နေသည်မှာ ၆ လဝန်းကျင်ခန့်သာရှိသေးကြောင်း သိရသည်။

လက်ရှိတွင် ကျူးလွန်သူကို ဖမ်းဆီးရမိပြီး ထိုင်းအာဏာ ပိုင်များက စစ်ဆေးရာ သေဆုံးသူကလေးငယ်၏ အဒေါ်ဖြစ်သူနှင့် မကြာသေးခင်က လမ်းခွဲထားသည့်ရည်းစားဟောင်းမှ ကလေးငယ်အား သတ်ဖြတ်ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။

“ ပြစ်မှုကျူးလွန်သူဟာ အခင်းဖြစ်ပွားတဲ့နေ့က ကလေးကို ကျောင်းသွားကြိုပြီး လယ်ကွင်းတစ်ခုစီခေါ်လာခဲ့တယ် အဲ့တာကတော့ နမ်ဖရာခရိုင်လမ်းမကြီး ဆိုနီနဖာသာနီကျေးရွာအနီးမှာပါ အဲ့ဒီမှာကလေးငယ်ကို လည် ပင်းညစ်သတ်ပြီး ရွံ့တွေနဲ့ဖုံးထားခဲ့တယ်။ အဲ့ဒီနောက်ပြန်ဖော်ပြီးတော့ ရေကန်ထဲပစ်ချခဲ့တယ်” ဟုထွက်ဆိုကြောင်း သတင်းတွင်ဖော်ပြထားသည်။

၄င်းကျူးလွန်သူသည် အသက် ၂၉ နှစ် အရွယ်ရှိ စိုင်းကောင်ခမ်းဖြစ်ပြီးသျှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း မြို့ နေထိုင်သူဖြစ်ကာ သေဆုံးသွားသည့် ကလေးငယ်၏အဒေါ် နှင့် ပြန်အဆင်ပြေဖို့ ညှိနှိုင်းရာ မရပဲ ကလေးငယ်ကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ကာ သတ်ဖြတ်လိုက်ခြင်းဖြစ်သည် ဟုဆိုသည်။

ကလေး၏ဖခင် ဖြစ်သူက သြဂုတ်လ ၁၅ ရက်ညတွင် ရဲစခန်းသို့ လူပျောက်တိုင်ကြားထားပြီး ကျောင်းဆင်းချိန်အမည်မသိ အမျိုးသားတစ်ဦးက ကလေးကို ဆိုင်ကယ်ဖြင့်ခေါ်ဆောင်သွားသည့် CCTV ရုပ်သံ ကိုထိုင်းရဲများစစ်ဆေးတွေ့ရှိကာ တရားခံကိုဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

အဆိုပါဖြစ်စဥ်နှင့်ပတ်သက်၍ ထိုင်းနိုင်ငံလူမှုကွန်ရက်စာမျက်နှာများပေါ်တွင် အုပ်ထိန်းသူအား အကြောင်းမကြားပဲ လာခေါ်သည့်လူနှင့် ထည့်ပေးလိုက်သည့်စာသင် ကျောင်း ဝေဖန်မှုမြင့်တက်လျှက်ရှိသည်။