ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
ယနေ့ ဒီဇင်ဘာလ(၂၉)ရက် နံနက်ပိုင်းက ထိုင်းနိုင်ငံဘန်ကောက်မြို့မှ ထွက်ခွာလာသည့် Jeju Air Flight 7C 2216 လေယာဥ်သည် တောင်ကိုရီးယားနိုင်ငံ မူအန်(Muan) အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ ဆင်းသက်စဥ် ပျက်ကျတာကြောင့် ခရီးသည် (၂၈)ဦး သေဆုံးကြောင်း ကိုရီးယားသတင်းဌာနမှ သိရပါသည်။
ခရီးသည် ၁၇၅ ဦးနှင့် လေယာဥ်အမှုထမ်း ၆ ဦး လိုက်ပါလာသည့် လေယာဥ်သည် ငှက်နဲ့ တိုက်မိ ပြီး လေယာဥ်ဆင်းသက်စဥ် စက်ချို့ယွင်းသွားကာ မတော်တဆမှုဖြစ်ပွားကြောင်း Yonhap သတင်းဌာနက ဖော်ပြထားသည်။
လေယာဥ်ပျက်ကျမှုနှင့် ပတ်သက်ပြီး ပျက်ကျသွားသည့် အကြောင်းရင်း အသေးစိတ်ကို တာဝန်ရှိသူများက ဆက်လက်စုံးစမ်းနေကာ လတ်တလော အခြေအနေအရ ရုပ်အလောင်း ၂၈ လောင်း တွေ့ရှိထားပြီး သေဆုံးသူအရေအတွကလည်း တိုးလာနိုင်ကြောင်း သိရသည်။
လေယာဥ်ပေါ် လိုက်ပါလာသည့် ခရီးသည် အားလုံးနီးပါးသည် တောင်ကိုရီးယားနိုင်ငံသား တွေဖြစ်ကြောင်း Yonhap သတင်းဌာနက ဖော်ပြထားပါသည်။