ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
ထိုင်း−မြန်မာနယ်စပ်ရှိ ဝ တပ်စခန်း(၉)ခုကို ဆုတ်ခွာပေးရန် ထိုင်းဖက်ကတောင်းဆိုထားတဲ့ အပေါ် ဝ ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် (UWSA)က ဆုတ်ခွာ ပေးဖို့ မရှိသလို ထိုင်းစစ်တပ်နဲ့ တွေ့ဆုံဆွေးနွေးပြောခဲ့မျိုးလည်း မရှိဘူးလို့ သိရပါတယ်။
ထိုင်းစစ်တပ်နှင့် ဝ တပ်တို့အကြား နယ်မြေအငြင်းပွားမှုကိစ္စနှင့်ပတ်သက်ပြီး ဝ တပ်က တပ်စခန်းတွေ ဆုတ်ခွာ ပေးဖို့ သဘောတူပြီး ဆုတ်ခွာရန်အချိန်(၃)လခန့် ပေးရန်နှင့် ဝ တပ်ဖွဲ့က အရှုံးပေးတာမျိုး မဟုတ်ဘူးဆိုတာ ထည့်သွင်းကြေငြာရမယ်လို့ ယမန်နေ့က ထိုင်းသတင်းဌာနနှင့် ပြည်တွင်းသတင်းဌာနအချို့က ရေးသားဖော်ပြလာတဲ့အပေါ် UWSA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးညီရန်း က ဒါကိုငြင်းဆိုထားကြောင်း ဝဒေသကလာတဲ့ သတင်းအရသိရပါတယ်။
နယ်မြေအငြင်းပွားကိစ္စနဲ့ ပတ်သက်ပြီး မေးမြန်စုံစမ်းရန် Hsan Loi Voice အနေနဲ့ ဝ တပ်ရဲ့ ပြောရေးဆိုခွင့် ရှိသူ ထံ ဆက်သွယ်ဖို့ ကြိုးစားပေမယ့် ဆက်သွယ်လို့မရပါဘူး။
ထိုင်းနိုင်ငံက တောင်းဆိုထားတဲ့ ဝ တပ်စခန်း(၉)ခု ပြန်ဆုတ်ပေးဖို့ ကိစ္စနဲ့ပတ်သက်ပြီး မြန်မာ−ထိုင်း နှစ်နိုင်ငံ ပူးပေါင်းပါဝင်တဲ့ နယ်ခြားကော်မတီ အစည်း အဝေး မှာ ထည့်သွင်းဆွေးနွေးသွားမယ်လို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက မနေ့က နိုင်ငံပိုင် မီဒီယာမှာ ပြောသွား ပါတယ်။
ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံကြား နယ်စပ်စည်းမျဥ်းသတ်မှတ်ချက်နဲ့ ပတ်သက်ပြီး တရားဝင် မရှိထားသလို “ ဝ” တပ်ဖက်ကလည်း ဆုတ်ခွာပေးမှာ မဟုတ်ကြောင်းနဲ့ အခုလို နယ်မြေအငြင်းပွားမှု ကိစ္စရပ်တွေဟာ ဆယ်စုနှစ်တစ်ခုထိရှိခဲ့ကြောင်း “ ဝ” ပြည်နယ်၊ နိုင်ငံရေးဌာနမှ အမည်မဖော်လိုတဲ့ တာဝန်ရှိသူ တစ်ဦးကပြောသွားတယ်လို့ Wa News Land မှာ ဖော်ပြထားပါတယ်။