ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး

ထိုင်းနယ်စပ်ရှိ ဝ တပ်စခန်း(၉)ခု ဆုတ်ခွာပေးခြင်းမရှိဘူးလို့ UWSA ပြော

ထိုင်းနယ်စပ်ရှိ ဝ တပ်စခန်း(၉)ခု ဆုတ်ခွာပေးခြင်းမရှိဘူးလို့ UWSA ပြော

Hsan Loi Editor
17/12/2024
Share:

 

ထိုင်း−မြန်မာနယ်စပ်ရှိ ဝ တပ်စခန်း(၉)ခုကို ဆုတ်ခွာပေးရန် ထိုင်းဖက်ကတောင်းဆိုထားတဲ့ အပေါ် ဝ ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် (UWSA)က ဆုတ်ခွာ ပေးဖို့ မရှိသလို ထိုင်းစစ်တပ်နဲ့ တွေ့ဆုံဆွေးနွေးပြောခဲ့မျိုးလည်း မရှိဘူးလို့ သိရပါတယ်။

 

ထိုင်းစစ်တပ်နှင့် ဝ တပ်တို့အကြား နယ်မြေအငြင်းပွားမှုကိစ္စနှင့်ပတ်သက်ပြီး ဝ တပ်က တပ်စခန်းတွေ ဆုတ်ခွာ ပေးဖို့ သဘောတူပြီး ဆုတ်ခွာရန်အချိန်(၃)လခန့် ပေးရန်နှင့် ဝ တပ်ဖွဲ့က အရှုံးပေးတာမျိုး မဟုတ်ဘူးဆိုတာ ထည့်သွင်းကြေငြာရမယ်လို့ ယမန်နေ့က ထိုင်းသတင်းဌာနနှင့် ပြည်တွင်းသတင်းဌာနအချို့က ရေးသားဖော်ပြလာတဲ့အပေါ် UWSA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးညီရန်း က ဒါကိုငြင်းဆိုထားကြောင်း ဝဒေသကလာတဲ့ သတင်းအရသိရပါတယ်။

 

နယ်မြေအငြင်းပွားကိစ္စနဲ့ ပတ်သက်ပြီး မေးမြန်စုံစမ်းရန် Hsan Loi Voice အနေနဲ့ ဝ တပ်ရဲ့ ပြောရေးဆိုခွင့် ရှိသူ ထံ ဆက်သွယ်ဖို့ ကြိုးစားပေမယ့် ဆက်သွယ်လို့မရပါဘူး။

 

ထိုင်းနိုင်ငံက တောင်းဆိုထားတဲ့ ဝ တပ်စခန်း(၉)ခု ပြန်ဆုတ်ပေးဖို့ ကိစ္စနဲ့ပတ်သက်ပြီး မြန်မာ−ထိုင်း နှစ်နိုင်ငံ ပူးပေါင်းပါဝင်တဲ့ နယ်ခြားကော်မတီ အစည်း အဝေး မှာ ထည့်သွင်းဆွေးနွေးသွားမယ်လို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက မနေ့က နိုင်ငံပိုင် မီဒီယာမှာ ပြောသွား ပါတယ်။

 

ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံကြား နယ်စပ်စည်းမျဥ်းသတ်မှတ်ချက်နဲ့ ပတ်သက်ပြီး တရားဝင် မရှိထားသလို “ ဝ” တပ်ဖက်ကလည်း ဆုတ်ခွာပေးမှာ မဟုတ်ကြောင်းနဲ့ အခုလို နယ်မြေအငြင်းပွားမှု ကိစ္စရပ်တွေဟာ ဆယ်စုနှစ်တစ်ခုထိရှိခဲ့ကြောင်း “ ဝ” ပြည်နယ်၊ နိုင်ငံရေးဌာနမှ အမည်မဖော်လိုတဲ့ တာဝန်ရှိသူ တစ်ဦးကပြောသွားတယ်လို့ Wa News Land မှာ ဖော်ပြထားပါတယ်။