ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

တောင်ငူလေတပ်စခန်းအား ၁၀၇ မမ ရှော့ဒုံးများဖြင့်တိုက်ခိုက်ပြီး စစ်ကောင်စီတပ်ဖွဲ့မှ သေဆုံးမှုရှိ

တောင်ငူလေတပ်စခန်းအား ၁၀၇ မမ ရှော့ဒုံးများဖြင့်တိုက်ခိုက်ပြီး စစ်ကောင်စီတပ်ဖွဲ့မှ သေဆုံးမှုရှိ

Hsan Loi Editor
21/08/2024
Share:

 

ယမန့်နေ့ ဩဂုတ်လ(၂၀)ရက် ည(၁၁)နာရီခွဲခန့်အချိန်တွင် ပြည်သူ့ကာကွယ်ရေးတပ်တွေက ပဲခူးတိုင်း၊ တောင်ငူလေတပ်စခန်းအတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံး ပစ်ခတ်ရာ ၄ လုံး အောင်မြင်စွာ ပစ်မှတ်ကို ထိမှန်ခဲ့ကြောင်း Mountain Knights Civilian Defense Force (MKCDF) အဖွဲ့က ယနေ့ဩဂုတ်လ(၂၁)ရက်မှာ ထုတ်ပြန်ထားပါသည်။

 

တောင်ငူလေတပ်သည် အကြမ်းဖက်စစ်တပ်မှ ကရင်နီဒေသ၊ ကရင်ပြည်နယ် နှင့် ရှမ်းပြည်နယ်ရှိ ပြည်သူများနှင့် တော်လှန်ရေးအင်အားစုများကို လေကြောင်းဖြင့် တိုက်ခိုက်ရာတွင် အဓိက အသုံးပြုသည့် လေတပ်စခန်း ဖြစ်သည့်အတွက် MKCDF အဖွဲ့အနေဖြင့် တောင်ငူ လေတပ်စခန်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ထိုတိုက်ခိုက်မှုအတွင်း တောင်ငူလေတပ်၏ စခန်းထိခိုက်ပျက်စီးမှု နှင့် ရန်သူသေဆုံးမှု အခြေအနေကို ဆက်လက် စုံစမ်းနေဆဲ ဖြစ်ကြောင်း ထုတ်ပြန်ထားပါသည်။

 

Mountain Knights Civilian Defense Force (MKCDF)အဖွဲ့သည် Brave Warriors for Myanmar (BWM) အဖွဲ့၏ စီမံမှုဖြင့် ၊ Mercury Revolution Force (MRF) အဖွဲ့ ၊ သံတောင်မြောက်ပိုင်းအထူးဒေသအဖွဲ့၊ စစ်ဒေသ ၃၁ ပါတီရဲဘော်များ အဖွဲ့တို့နှင့်အတူ ပူးပေါင်းဆောင်ရွက်တာဖြစ်ကြောင်း သိရှိရပါသည်။