ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ် တောင်ကြီး-အေးသာယာလမ်းတွင် ယနေ့ (၇.၄.၂၀၂၄) ရက်နေ့ ညနေ (၆:၁၈)နာရီခန့်၌ အေးယာသာမှတောင်ကြီးအတက်လမ်းအတိုင်း မောင်းနှင်တက်လာသော တွဲကားတစ်စီး မတော်တဆ လမ်းချော်ပြီး အဆင်းလမ်းဆီသို့ ပြုတ်ကျခဲ့သည်။
ထိုသို့ ပြုတ်ကျရာတွင် အဆင်းလမ်းအတိုင်း သွားနေသော ကားငယ်(၂)စီးကို တိုက်မိခဲ့သည်။ ထို့ကြောင့် ကားငယ်ပေါ်နှင့် မတော်တဆမှုတွင် ထိခိုက်မိသူများထဲ၌ ၃ ဦး သေဆုံးပြီး ပြင်းထန်စွာဒဏ်ရာရရှိထားသူများလည်း ရှိသည်။
“ ကားကြီးက အပေါ်တက်တဲ့ အတက်လမ်းအတိုင်းသွားနေရင်း အောက်လမ်းဘက်ကိုပြုတ်ကျလာတာ။ အောက်လမ်းမှာသွားနေတဲ့ ကားငယ်တွေကို တိုက်မိတယ်။ ကားထဲကနေ ဆွဲထုတ်လာတာတော့ မိန်းကလေးတစ်ယောက် ယောကျာ်းလေးတစ်ယောက် တော်တော်ကိုထိထားတယ်။ ကျမတို့ကားတောင် သီသီလေးကပ်လွတ်သွားတာ။” ဟု မတော်တဆဖြစ်စဉ်တွင် မျက်မြင်တစ်ဦးက ပြောပြသည်။
ထိခိုက်ဒဏ်ရာရရှိသူများအား တောင်ကြီးမြို့ ပရဟိတ လူမှုကူညီရေးအသင်းများက လာရောက်သယ်ဆောင်ပြီး တောင်ကြီးစဝ်စံထွန်းဆေးရုံကို ပို့ဆောင်ထားပြီဟု သိရသည်။