ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
တောင်ကြီး မြို့ပေါ်မှာ ယခုရက်ပိုင်းထဲ လိုင်စင်မဲ့ကား
without တွေနဲ့စည်းကမ်းမဲ့ယာဥ်တွေ ဆက်တိုက်ဖမ်းဆီး
စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ် ။
” ဒီတစ်ပါတ်အတွင်းမြို့ပေါ်က w ကားတွေတော်တော်များများဖမ်းဆီးခံလိုက်ရတယ် ၊ စီမံချက်နဲ့ဖမ်းတာလို့ ကြားတယ် ၊ ဝန်ထမ်းဆိုရင်တောင် ဖမ်းတဲ့အချိန်အသာလေး လိုက်သွားဖို့ အတွန့်မတက်ဖို့ မှာကြားတာတွေရှိတယ် လောလောဆယ်အဖမ်းခံရတဲ့ကားတွေ ပြန်ထုတ်မဘူး ” လို့ တောင်ကြီး မြို့ခံတစ်ဦးကပြောပါတယ် ။
တောင်ကြီးမြို့အဝင်အထွက် ဂိတ်တွေနဲ့ စူဠာမူနိအဆင်း ၊အနောက်မြို့ပတ်လမ်း ၊ ကြက်ခြေနီ ရုံးအနီး မြေပုံအနီးတစ်ဝိုက်၊ မိန်းလမ်း ၊ အိုးရှင်းနဲ့အလည် BOC အနီး ၊တန်ဆောင်တိုင်ကွင်း စတဲ့နေရာတွေမှာ ဖမ်းဆီးစစ်ဆေးတာတွေပြုလုပ် နေပြီး ဖမ်းဆီးခံရတဲ့မော်တော်ယာဥ်တွေကို သိမ်းဆည်းသွားတယ်လို့ မျက်မြင်တွေ့ရှိသူတွေကပြောပါတယ် ။
” ဆိုင်ကယ်ကတော့ ဦးထုတ်မပါ ဘက်မှန်မပါ နံပါတ် ပြားမပါတာတွေကို ဖမ်းတယ် ၊ လမ်းမှားဝင်လာတာတွေဖမ်းတာလဲတွေ့ရတယ်၊ အဖမ်းခံရတဲ့ဆိုင်ကယ်တွေကို ကုန်တင်ကားကြီးနဲ့တင်သွားတယ် ” လို့ဆိုပါတယ် ။
စစ်ကောင်စီက တောင်ကြီးမြို့ပေါ်မှာ နိုင်ငံတော်ရဲ့အခြေအနေအရ လိုင်စင်မဲ့ယာဉ်တွေ ကိုစတင်ဖမ်းဆီးမယ်လို့ ထုတ်ပြန်လိုက်တဲ့ မတ် လ ၄ ရက်နေ့ကစပြီး
လိုင်စင်မဲ့ ကားတွေကို အဓိကထားလိုက်လံဖမ်းဆီးနေတယ်လို့သိရပါတယ် ။