နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

တောင်ကြီး ဗိုလ်ချုပ်ပန်းခြံမှာ လူနေဆိုင်ခန်းများ ဆောက် ဖို့ကိစ္စ စည်ပင် နဲ့ လုပ်ငန်းရှင်ပူးပေါင်းကြံစည်မှု မအောင်မြင်

တောင်ကြီး ဗိုလ်ချုပ်ပန်းခြံမှာ လူနေဆိုင်ခန်းများ ဆောက် ဖို့ကိစ္စ စည်ပင် နဲ့ လုပ်ငန်းရှင်ပူးပေါင်းကြံစည်မှု မအောင်မြင်

Hsan Loi Editor
09/01/2026
Share:
တောင်ကြီးမြို့ ဗိုလ်ချုပ်ပန်းခြံကို စည်ကားသာယာလှပစေရေး ခေါင်းစဥ်တပ်ကာ မြို့နယ် စည်ပင်သာ ယာရေးနှင့် ရှမ်းချယ်ရီတောင်တန်း ဆောက်လုပ်ရေးကုမ္ပဏီတို့ အကျိုးတူပူးပေါင်း၍လူနေဆိုင်ခန်းများ ဆောက်လုပ်ရန် စီစဥ်နေမှု မြို့ခံ များလက်မခံ သဖြင့် စီမံကိန်း ပျက်ပြယ်ကြောင်းသိရသည်။
“ မြို့ခံတွေကလည်းကန့်ကွက်တယ်ဒါ့ကြောင့် မြို့ နယ်စည်ပင်ကပဲ ပြန်ပြီး မဆောက်လုပ်သင့်ကြောင်းဘာညာ မှတ် ချက်ပြုတဲ့အတွက် ပြည်နယ်အစိုးရက ခွင့်ပြုချက်မပေးဘူး အဲ့ဒီလိုနဲ့ ပျက်သွားတာ ” ဟု တောင်ကြီး မြို့နယ်ထွေအုပ်ရုံးက သတင်းရင်းမြစ်တစ်ဦးကပြောသည်။
တောင်ကြီးမြို့နယ် စည်ပင်သာယာရေး ဌာနပိုင် ၊ တောင်ကြီးမြို့ ၊ ဗိုလ်ချုပ်အောင်ဆန်း ပန်းခြံအား စည်ကား သာယာ လှပစေရန် အတွက် မြို့နယ် စည်ပင်သာယာရေး ဌာန နှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်၍ (၁၈ ပေ × ၄၀ ပေ) (၃) ထပ် လူနေဆိုင်ခန်း တွဲများ တည်ဆောက်ခွင့်ပြုနိုင်ပါရန် ရှမ်းချယ်ရီ တောင်တန်း ဆောက်လုပ်ရေး ကုမ္ပဏီမှ တင်ပြခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ထိုစီမံကိန်းကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၈ ရက်တွင် အစိုးရ အဖွဲ့ မှ ပယ်ချလိုက်ခြင်း ဖြစ်ကြောင်းသိရသည်။
အဆိုပါ ပန်းခြံသည် တောင်ကြီးမြို့၏ အထင်ကရ နေရာဖြစ်သည့်အပြင် ကလေးများ ဆော့ကစားရာ၊ ပြည်သူများ အပန်း ဖြေရာ နေရာတစ်ခုလည်း ဖြစ်သလို ၈လေးလုံး အရေးအခင်းလှုပ်ရှားမှု သမိုင်းမှတ်တိုင်အဖြစ် ကျောက် တိုင်စိုက်ထူထားစည့်နေရာဖြစ်သည့်အတွက် မြို့ခံလူထုများက ၄င်းစီမံကိန်းကို ဝေဖန်ကန့်ကွက်မှုများစွာရှိနေကြောင်း သိရသည်။