ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

တောင်ကြီး တွင် မီးပုံးပျံ ပျက်ကျ၍ နေအိမ်တစ်လုံး မီးလောင် 

တောင်ကြီး တွင် မီးပုံးပျံ ပျက်ကျ၍ နေအိမ်တစ်လုံး မီးလောင် 

Hsan Loi Editor
26/11/2023
Share:

 

တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲကျင်းပရာနေရာမှ

နိုဝင်ဘာ ၂၆ ရက် ညပိုင်းက လွတ်တင်လိုက်

သော မီးပုံးပျံသည် လူနေအိမ်ပေါ်ပျက်ကျ၍ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းစုံစမ်း သိရသည်။

 

အဆိုပါ မီးပုံးသည် စိန်နားပန် အမျိုးအစားဖြစ်ပြီး

ဖရဲ တောင်ရွာရှိလူနေအိမ်ခေါင်မိုးပေါ် ကျ၍ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

“ လူတွေလန့်ကုန်တာပေါ့ အိပ်ချိန်ကြီးလေ မီးကျည်မဟုတ်လို့တော်သေးတယ် မီးကျည်သာဆိုရင် တစ်အိမ်လုံးပြာကျပြီပဲ ရပ်ကွက်က လူတွေပဲ မီးဝိုင်းငြိမ်းပေးကြတာ လူထိခိုက်မှုတာ့ မရှိဘူး” ဟု ဖရဲငွေတောင်ရပ်နေထိုင်သူ တောင်ကြီးမြို့ခံတစ်ဦးကပြောသည်။

 

တောင်ကြီးတန်ဆောင်တိုင်ပွဲကို နိုဝင်ဘာ ၂၁ မှ ၂၇ ရက်နေ့အထိ စစ်ကောင်စီက ဦးဆောင်ကျင်းပနေခြင်းဖြစ်ပြီး တောင်ကြီးမြို့ခံအများစုက ထိုပွဲတော်ကို ပါဝင်ဆင်နွဲခြင်းမရှိကြောင်း သိရသည်။