ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
တောင်ကြီး မြို့၊ မင်းကျောင်းအရှေ့ဖက် black &white အကွေ့တွင် Alphard အမျိုးအစား ကားတစ်စီးမှ ဆိုင်ကယ်တစ်စီးအား တိုက်မိပြီးတရွတ်တိုက်ဆွဲ၍မောင်းပြေးသွား ကြောင်းသိရသည် ။
“ လမ်းအတိုင်း အကွေ့ ကျမမောင်လေးက မိန်းလမ်းအ တိုင်း တန်းတန်းဆင်းလာတာ ၊ ဒါကို ကားကမြင်ရဲ့သားနဲ့ ရပ်စောင့်ပေးမလိုလိုလုပ်ပြီး ဇွတ်ဖြတ်ကွေ့တာ အချိန် မှီအောင်ဘရိတ်အုပ်လည်း မိုးရွာတော့လမ်းချော်ပြီး စလစ်ဖြစ်ပီး ကားနဲ့ တိုက်မိတာ ကားမှာ ကျမမောင်ကပက် လက် အလှန်လိုက်နဲ့ ဒရွတ်တိုက်ကြီး အဝေးကြီးထိ ချိတ်ပါသွားတာ ကျခဲ့တာနော် ကံသီပေလို့ ကားအောက်မရောက်ခဲ့တာ ဒါကို တချက်ကလေးမှဆင်းမကြည့်ပဲ မောင်းပြေးသွားတာ ကိုယ်ချင်းစာစိတ်မရှိဘူး ” ဟု ကားဖြင့်တိုက်မိပြီး ပွတ်ဆွဲခံရသူ၏ အစ်မဖြစ်သူကပြော သည် ။
ဆိုင်ကယ်မောင်းနှင်လာသူသည် အသက် ၁၈ နှစ်အရွယ် ကောင်လေးတစ်ဦးဖြစ်ပြီး ဇူလိုင် ၂၂ ညနေ ၅ နာရီ ခွဲချိန်ခန့်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည် ။
CCTV မှတ်တမ်းများအရ တိုက်ပြေးသွားသော Alphard ကားအဖြူရောင်နံပါတ်မှာ မှာ 8338 ဖြစ်ပြီး အရှေ့အက္ခရာ မမှတ်မိကြောင်း ၄င်းကပြောသည် ။
“ ကျမတို့မှာ သူဘယ်သူဆိုတာသိရင်တောင် တိုင်ဖို့တန်းဖို့ ငွေအင်အားလည်းမရှိဘူး တနေ့လုပ်မှတနေ့စားရတဲ့သူတွေ၊ အခုလို မိုက်ရိုင်းပီး တာဝန်ယူစိတ်မရှိ ကိုယ်ချင်းစာစိတ်မရှိနဲ့ တိုက်ပီးထွက်ပြေးသွားလည်းသူ့ရဲ့ဘဝတစ် လျှောက်လုံး လိပ်ပြာလုံလုံနဲ့ နေနိုင်ပါစေ ” ဟုအစ်မဖြစ်သူကဆိုသည် ။
ကားဖြင့်တိုက်မိပြီး ပွတ်ဆွဲခံရသူမှာ တစ်ကိုယ်လုံးထိ ခိုက်မိပြီး၊ ညာဖက်လက်ပြင်အုံမှစ၍ခန္တာကိုယ် တစ်ခြမ်းလုံး ဒဏ်ရာများရထားပြီး ဆိုင်ကယ်နှင့် လက်ကိုင်ဖုန်းများလည်း ကြေမွပျက်စီးသွားကြောင်း သိရသည် ။