ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် ပုံးအင်းဒေသအတွင်း ရေမြင့်တက်မှုကြောင့် ရေဘေးဒုက္ခကြုံတွေ့နေရသော ဒေသခံပြည်သူများအား တောင်ကြီးမြို့ ဝေဠုဝန်ကျောင်းထိုင်ဆရာတော် မှ ဦးဆောင်ပြီး တောင်ကြီးသျှမ်းလူငယ်များက လိုအပ်သော စားနှပ်ရိက္ခာများ သွားရောက်ကူညီထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
တောင်ကြီးမြို့ ဝေဠုဝန်ကျောင်းထိုင်ဆရာတော် နှင့်အတူ သျှမ်းလူငယ် စေတနာရှင်များစုပေါင်းပြီး စက်တင်ဘာလ (၁၅) ရက်နေ့၌ ဆီဆိုင်မြို့နယ် ကက္ကူကျောင်းတိုက်သို့ ရောက်ရှိတိမ်းရှောင်နေသော ပုံးအင်းဒေသက ပန်လွန်ရွာ၊ တွန်မုန်ရွာနှင့် ဆိုင်လဲရွာတို့မှ ရေဘေးသင့်ပြည်သူများအား စားနပ်ရိက္ခာများ သွားရောက်ထောက်ပံ့ကူညီခဲ့သည်။ ဒါ့အပြင် စက်တင်ဘာလ(၁၇)ရက်နေ့တွင်လည်း ပုံးအင်းဒေသ နောင်စန့်ရွာ၊ ကုန်းသာရွာ၊ ဝမ်ပုံရွာနှင့် ဖတ်ကုမ်ရွာက ဒေသခံ ရေဘေးသင့်ပြည်သူများအတွက် ထပ်မံထောက်ပံ့ကူညီခဲ့သည်။
“အခုထိ ရေကပြန်မကျသေးတော့ တစ်ရွာလုံးနီးပါး နေအိမ်ကိုစွန့်ခွာပြီး နီးစပ်ရာ နေရာတွေကို သွားနေကြရတာပေါ့။ ရေက နေ့တိုင်းဆက်တက်နေတော့ စားနပ်ရိက္ခာတွေရော အဝတ်အထည်တွေရော အကုန်သယ်ချိန်မရကြဘူး။ အဓိကလိုအပ်နေတာက နေ့စဉ်စားနပ်ရိက္ခာနဲ့သောက်ရေသန့်ပဲ။ ပုံးအင်းဒေသမှာ ရွာပေါင်း (၁၀၀)ကျော်ရှိတဲ့အထဲမှာ ချောင်းရိုးတစ်လျောက်က ရွာတိုင်း ရေမြင့်တက်လို့ အကုန်ထွက်ပြေးကြရတယ်။”ဟု ဆိုင်လဲရွာက သျှမ်းလူငယ်တစ်ဦးက ပြောပြသည်။
ပုံးအင်းဒေသသည် သျှမ်းပြည်နယ်တောင်ပိုင်း၏ ဆန်စပါးထွက်ရှိရာ အရပ်ဖြစ်ပြီး ယခုနှစ်အတွင်း (၃)ကြိမ်မြောက် ရေမြင့်တက်မှုဒဏ် ခံစားခဲ့ရခြင်းဖြစ်သည်။