ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

တောင်ကြီးမြို့ ပြည်နယ်ရဲရုံးအနီး ဓါတ်ကြိုးမှတစ်ဆင့်မီးလောင်မှုဖြစ်ပွား

တောင်ကြီးမြို့ ပြည်နယ်ရဲရုံးအနီး ဓါတ်ကြိုးမှတစ်ဆင့်မီးလောင်မှုဖြစ်ပွား

Hsan Loi Editor
19/05/2023
Share:

 

တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက်ရှိ ပြည်နယ်ရဲရုံးအနီးတွင်ယမန်နေ့ ညနေပိုင်းက ဓါတ်ကြိုးမှတစ်ဆင့်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

 

စိန်းပန်းရပ်ကွက်၊နယ်မြေ (၄)၊ စည်ပင်လမ်းရှိ မီးဖို ချောင်သုံး ပစ္စည်းဂိုဒေါင် မီးလောင်ကျွမ်းခြင်းဖြစ် ကြောင်း မြို့ခံများထံမှ သိရသည်။

 

“ မနေ့ညနေ ၅ နာရီကျော်လောက်က စလောင်တာပါ ဓါတ်တိုင်ကဓါတ် ကြိုးကနေတစ်ဆင့် စလောင်တာလို့ သိရတယ် ၊ လူထိခိုက်မှုတော့မရှိပါဘူး ဂိုဒေါင်မီးလောင်တာဖြစ်တဲ့အတွက် ပစ္စည်း ဆုံးရှုံးမှုတွေတော့ ရှိပါတယ်” ဟု မီးလောင်ရာတွင် ကူညီပေးခဲ့သူတစ်ဦးက HsengLoiVoice သို့ပြောသည်။

 

အဆိုပါမီးလောင်မှုကြောင့် လူသေဆုံးမှုမရှိခဲ့ပဲ ဒဏ်ရာရသူများကို တောင်ကြီးကြက်ခြေနီအသင်းက သွားရောက်ကူညီပေးခဲ့ပြီး မီးသတ်ကားနှင့် ပရဟိတရေကား ၂ စီးမှ လာရောက် ငြိမ်းသတ်ခဲ့သည့်အတွက် ည ၆ နာရီဝန်းကျင်တွင် မီးငြိမ်းသွားကြောင်း သိရသည်။