ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

တောင်ကြီးမြို့၏ နာမည်ကြီး Maesa Thai food ယိုးဒယားသင်္ဘောသီးထောင်းဆိုင်က သျှမ်းစစ်ဘေးရှောင်များကို ယိုးဒယားအစားအသောက်များ ပြုလုပ်နည်း အခမဲ့သင်တန်းပေး

တောင်ကြီးမြို့၏ နာမည်ကြီး Maesa Thai food ယိုးဒယားသင်္ဘောသီးထောင်းဆိုင်က သျှမ်းစစ်ဘေးရှောင်များကို ယိုးဒယားအစားအသောက်များ ပြုလုပ်နည်း အခမဲ့သင်တန်းပေး

Hsan Loi Editor
19/12/2022
Share:

 

သျှမ်းစစ်ဘေးရှောင်များကို တောင်ကြီးမြို့မှ နာမည်ကြီး Maesa Thai food ယိုးဒယားသင်္ဘောသီးထောင်းဆိုင်က ယိုးဒယားအစားအသောက်များ ပြုလုပ်နည်းကို အခမဲ့သင်ကြားပေးခဲ့ကြောင်း ယနေ့ သိရပါသည်။

 

အဆိုပါသင်တန်းဖြစ်မြောက်ရေးအတွက် စီစဉ်ပေးသူ တာဝန်ခံက “သူတို့က အဖိုးအခ သင်တန်းကြေး ဘာမှ မယူဘူး၊ ကိုယ့်အချင်းချင်းတတ်နိုင်တဲ့ဘက်ကကူညီကြမယ်ဆိုပြီး စေတနာနဲ့ သင်ပေးတာ။ စစ်ဘေးရှောင်ဆို တော့လည်း ကိုယ့် အလုပ်တွေထားပြီး သွားမကူနိုင်ဘူးပေါ့လေ။ အဲ့ဒါကြောင့် တတ်နိုင်တဲ့ဘက်က ကူပါမယ်ဆိုပြီး သင်တန်းလက်ခံပေးတာ” ဟု ပြောပါသည်။

 

ဒီဇင်ဘာလ ၁၄ ရက်နေ့ တွင် Maesa Thai food ယိုးဒယားသင်္ဘောသီးထောင်းဆိုင်က သင်ကြားပေးခြင်းဖြစ်ပြီး ဒီဇင်ဘာလ ၁၅ ရက်နေ့အတွက် အခြားဆရာများက အကင်သင်တန်း၊ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် သင်ယူထားသော နည်းနာများကို တောင်ကြီး၊ လွိုင်လုံပရဟိတ ဘကဘုန်းတော်ကြီးကျောင်းရှိ ကျောင်းသူ/သားများကို သွားရောက် လုပ်ကျွေးခဲ့ကြကြောင်း ပြောပါသည်။

 

ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် အသီးဖျော်ရည် ဖျော်ရည်အမျိုးမျိုး ပြုလုပ်နည်းသင်ကြားပေးခဲ့ကြောင်းသိရပါ သည်။

 

စစ်ဘေးရှောင်စခန်းမှ ၁၈ ဦး တက်ရောက်လေ့လာခဲ့ပြီး အခြားဒေသမှ ၁၅ ဦး တက်ရောက်လေ့လာခဲ့ရာ အားလုံး ၃၃ ဦး ရှိခဲ့ကြောင်း သိရပါသည်။

 

အချို့ စစ်ဘေးရှောင်များအနေနှင့် လာမည့်ပွဲလမ်းသဘင်များ၌ ဆိုင်ဖွင့်၍ လုပ်ငန်းစတင်နိုင်ရန် ရည်ရွယ်ထားကြောင်း သိရပါသည်။

 

တက်ရောက်လေ့လာခဲ့သော စစ်ဘေးရှောင်များဆိုင်ဖွင့်လိုပါက သင်တန်းစီစဉ်သူများဘက်ကလည်း လိုအပ်သည့်ကိစ္စရပ်များကို ကူညီပံ့ပိုးသွားမည်ဖြစ်ကြောင်း ပြောပါသည်။

 

#HsanLoiVoice

https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=

https://hsanloivoice.org/