ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

တောင်ကြီးမြို့ပေါ်တွင် ဖောက်ထွင်းမှု နှင့် ခါးပိုက် နှိုက်မှုများဆက်တိုက်ဖြစ်ပွား

တောင်ကြီးမြို့ပေါ်တွင် ဖောက်ထွင်းမှု နှင့် ခါးပိုက် နှိုက်မှုများဆက်တိုက်ဖြစ်ပွား

Hsan Loi Editor
10/07/2023
Share:

 

သျှမ်းပြည်မြို့တော်တောင်ကြီးတွင် ယခုရက်ပိုင်းအတွင်းဖောက်ထွင်းမှုနှင့် ခါးပိုက်နှိုက်မှုများ ဆက်တိုက်ဖြစ်ပွား နေကြောင်း မြို့ခံများထံမှသိရသည်။

တောင်ကြီးမြို့ပေါ် ဘုရားဖြူရပ်ကွက် ရှိဖုန်းဆိုင်တစ်ခု တွင် ရက်ပိုင်းအတွင်း မီးကြိုးများဖြတ်၍ ဖောက်ထွင်းခံရပြီး အနောက်မြို့ပတ်လမ်းရှိ ဆိုင်ခန်းတစ်ချို့၏ တံခါးများကို ဓါးဖြင့်ခွဲ၍ ဆိုင်ရှိပစ္စည်းများခိုးယူခံရကြောင်း မြို့ခံများကပြောသည်။

“ ကျွန်တော့်မိတ်ဆွေဖုန်းဆိုင်ကတော့ ည ၁ နာရီဝန်းကျင်ကြီး လာဖောက်တာ၊ အိမ်ရှင်တွေ အသိမြန်သွားလို့ ဘာမှ မပါသွားဘူး ၊ မီးကြိုးတွေကောကက်ကြေးနဲ့ညှပ်ဖြတ်ထားတယ်” ဟု ဖောက်ထွင်းခံရသူ၏ နီးစပ်သူတစ်ဦးကပြောသည်။

ဇူလိုင် ၈ ရက် နေ့လည်ပိုင်းအချိန်ခန့်ကလည်း တောင်ကြီး မြို့မစျေးကြီးတွင် အမျိုးသမီးတစ်ဦး ဈေးဝယ်နေစဥ် ဗိုက်ကြီးသည် အမျိုးသမီးတစ်ဦးက လွယ်အိတ်ကို ဓါးဖြင့်ခွဲ၍ ခါးပိုက်နှိုက်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

“ စျေးသူ/သားတွေဆီပြန်ကြားရတာကတော့ အိတ်က ၂ ထပ်ဖြစ်တော့ အတွင်းသားကိုမထိဘူး အာ့ကြောင့်ဘာမှမပါသွားဘူး ခါးပတ်နှိုက်တဲ့ သူက ဗိုက်ကြီးသည်ပဲ အယောင်ဆောင်လား တကယ်ကြီးတာလားတော့ မသိဘူး၊ ဒီစျေးအနီးနားတင်ပဲ လုပ်စားနေတာ တစ်ခါနှစ်ခါမကတော့ဘူး ကြားနေရတာ” ဟု မြို့မစျေးတွင် ကုန် ခြောက်ရောင်းနေသူတစ်ဦးက အတည်ပြုပြောဆိုသည်။

ပြီးခဲ့သည် ဇွန်လိုင် ပထမ ပတ်ကလည်း တောင်ကြီးမြို၊ ကံကြီးရပ်ကွက်၊ သစ်ခွလမ်း ရှိနေအိမ်တစ်အိမ်ကို နေ့ခင်းကြောင်တောင် ဝင်ရောက်ဖောက်ထွင်းနေသည့်သူခိုးအား အိမ်ရှင်များမှ ဝိုင်းဝန်းဖမ်းဆီးခဲ့ရာ သူခိုးကဓါးဖြင့်ထိုး၍ အိမ်ရှင်အမျိုးသမီးသုံးဦးဒဏ်ရာရခဲ့သေး သည်။