ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ် ရွှေညောင်မြို့တွင် ဇန်နဝါရီလ (၉) ရက်နေ့ညပိုင်းက ဆေးကြောင်နေသော ခင်ပွန်းသည်က အိပ်ပျော်နေသည့် ဇနီးသည်ဖြစ်သူအား ဓားဖြင့်ထိုးသတ်ပြီး မိမိကိုယ်ကို ဓားဖြင့်ပြန်ထိုးမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ရွှေညောင်မြို့နယ် ရွှေညောင်-တောင်ကြီး ကားလမ်းမကြီးဘေး စဉ့်ဟယ်ကျေးရွာ-အောင်သပြေတွင် နေထိုင်သော ကိုစည်သူ အသက်(၂၇) နှစ်က အိပ်ပျော်နေသည့် ဇနီးသည်ဖြစ်သူ မမြတ်နိုး အသက်(၂၃)နှစ်အား ည(၉)နာရီအချိန်၌ ဓားဖြင့် ထိုးသတ်လိုက်ခြင်းဖြစ်သည်။
ဆေးကြောင်နေသော အမျိုးသားဖြစ်သူသည် ဇနီးဖြစ်သူအား ဓားဖြင့် (၁၀) ချက်ထိုးသတ်ပြီးနောက် ၎င်းကိုယ်ကိုလည်း (၃) ချက် ပြန်ထိုးခဲ့သော်လည်း အသက်သေဆုံးခြင်းမရှိဘဲ တောင်ကြီးစဝ်စံထွန်းဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိသည်။
အသက်ခံလိုက်ရသော ဇနီးသည်ဖြစ်သူ မမြတ်နိုးတွင် အသက်(၂)နှစ်အရွယ် ကလေးငယ်တစ်ဦး ကျန်ရှိခဲ့ကြောင်း သတင်းရရှိသည်။