ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

တောင်ကြီးမြို့ကို ဘယ်သူတွေကတည်ထောင်ခဲ့တာလဲ

တောင်ကြီးမြို့ကို ဘယ်သူတွေကတည်ထောင်ခဲ့တာလဲ

ahadmin
16/10/2022
Share:
တောင်ကြီးမြို့ကို ဘယ်သူတွေကတည်ထောင်ခဲ့တာလဲ
တောင်ကြီးမြို့ကို ဘယ်နှစ်ခုနှစ်မှာစတင်တည်ထောင်ခဲ့တာလဲ
တောင်ကြီးမြို့က ဘာကြောင့် တောင်ကြီးမြို့လို့ နာမည်တွင်ခဲ့တာလဲ
တောင်ကြီးမြို့၏ အကြောင်းအရာများကို ဖတ်ရှုရန်
11 October 2022 (1:57 PM)
(၁၈၉၄)ခုစက်တင်ဘာလမှာတောင်ကြီးမြို့ကိုအင်္ဂလိပ်တွေ
စတင်တည်ထောင်ခဲ့တယ်။
အရင်ကကုန်သည်တွေ၊စျေးသည်တွေစျေးရောင်းစျေးဝယ်
ကုန်ဖလှယ်တဲ့နေရာဖြစ်တယ်။
အဲဒီနေရာကအချက်အချာကျလို့အင်္ဂလိပ်အစိုးရက
အုပ်ချုပ်ရေးမြို့အဖြစ်ပြောင်းလဲခဲ့တာဖြစ်တယ်။
မြို့သက်တမ်းကနှစ်ပေါင်း ၁၃၀နီးပါးရှိပါပြီ။
ရှမ်းပြည်နယ်ရဲ့မြို့တော် တောင်ကြီးမြို့တည်တဲ့ ရက်က
(၁၅-၉-၁၈၉၄) ဖြစ်တယ်။
ညောင်ရွှေနယ် မိုင်းသောက်က စတက်မင်းခံတပ်ကနေ
ရွှေ့လာတဲ့ရက်ကို ယူထားတာဖြစ်တယ်။
အဲဒီအကြောင်းလေးကို ကိုလိုနီခေတ်လို့ခေါ်တဲ့ အင်္ဂလိပ်ခေတ် မှာ အင်္ဂလိပ်တွေ မှတ်တမ်းရေးခဲ့ပါတယ်။
တောင်ကြီးမြို့ဖြစ်ပေါ်လာပုံတောင်ကြီးမှတ်တမ်းကိုဗဟုသုတအဖြစ် အောက်က အတိုင်း အကျဉ်းသဘော ဘာသာပြန် တင်ပြပေးထားပါတယ်။ အကျယ် ဖတ်လိုသူတို့ အတွက်လည်း မူရင်းအင်္ဂလိပ်မှတ်တမ်းထဲက စာသားများကို မူရင်းအတိုင်း ကူးယူဖော်ပြ ပေးထားပါတယ်။
အင်္ဂလိပ်တို့ ၁၈၈၅ ခုနှစ်မှာ အထက်မြန်မာနိုင်ငံကို သိမ်းပြီးလို့
ကိုလိုနီအုပ်ချုပ်ရေးကို ထူထောင်တဲ့ အခါ ရှမ်းပြည် ရှမ်းဒေသကိုလည်း ရုံးစိုက်ဖို့ ရောက်လာခဲ့ပါတယ်။
ပထမတော့ ယောင်းဟွေ ခေါ် ညောင်ရွှေနယ်ထဲက စတက်မင်း (Fort Stedman ) ခံတပ်မှာဘဲ အင်္ဂလိပ်တွေရုံးစိုက်တာပါ။
အင်္ဂလန်နိုင်ငံနဲ့ ရာသီဥတုနီးစပ်တဲ့ တောင်ပေါ် တွန်တီး (တူꨓ်ꨳတီး)
လို့ခေါ်တဲ့ ရှမ်းရွာလေးနေရာမှာ ရုံးစိုက်ဖို့ အကြိမ်ကြိမ် အခါခါ
လေ့လာပြီးမှ သူတို့အုပ်ချုပ်ရေးရုံစိုက်ဖို့ ဆုံးဖြတ်တာပါ။
၁၅ စက်တင်ဘာ ၁၈၉၄ ရက်နေ့မှာ တောင်စခန်းမြို့လေးအဖြစ်
စတင်ဆောက်ခဲ့တာဖြစ်တယ်။
သူတို့ရဲ့ အရပ်ဖက်အုပ်ချုပ်ရေး ဌာနတွေကိုလည်း မူလ
ညောင်ရွှေနယ်ထဲက စတက်မင်းခံတပ်ကနေ အကုန်လုံး
ပြောင်းရွှေ့ လာခဲ့ပါတယ်။ ရွှေ့ပြောင်းလာတဲ့ ဌာနပေါင်း (၁၇) ခုရှိပါတယ်။
အဲဒါတွေကတော့-
the Residency;
the Assistant Superintendent’s quarters;
the Forest Divisional Officer’s quarters;
the Executive Engineer’s quarters;
the Civil Surgeon’s quarters:
the Hospital Assistant’s quarters;
the Police Officer’s quarters;
the Court and offices of the Superintendent and Political Officer;
the Treasury;
the Lock-up;
the Public Works Department office;
the Durbar hall;
the Hospital;
the Post office;
the Telegraph office;
the Circuit-house; and
the Public Works Department inspection bungalow.
တို့ဖြစ်ပါတယ်။
မြို့ဆောက်ခါစက ၂၀၀၀ ဧကလောက်ကိုဘဲ ယူပါတယ်။
တောင်နဲ့မြောက်မင်းလမ်းကို ဖောက်ပြီးတဲ့အခါ မင်းလမ်းရဲ့အရှေ့ဖက်မှာ စာရေးရပ်ကွက် ၊ အရပ်ရဲစခန်း ၊ ကုန်သွယ်ရေးရုံး ၊ လက်မှုလုပ်ငန်း
ရုံးစတာတွေထားပါတယ်။ မြို့စောင့်တပ်အနေနဲ့က စတက်မင်းခံတပ်က ခေါ်လာတဲ့ စစ်သား စုစုပေါင်း (၅၀) ဦးဘဲရှိပါတယ်။
အရပ်ဖက်အရာရှိ အုပ်ချုပ်မှုအောက်မှာ ထားပါတယ်။
အရာရှိရုံးတွေကို ကျောက်နဲ့ဆောက်ပြီး ရေပေးဝေရေးစနစ်က အရှေ့ဖက်ဆင်းလာတဲ့ စမ်းချောင်းကနေ ရေဖြန့်ပေးပါတယ်။
မြို့ရဲ့မြောက်ဖက်ပိုင်းမှာ ရှမ်းရပ်ကွက် နဲ့ စျေး ၊ စော်ဘွားရပ်ကွက်တွေလုပ်ပေးထားပါတယ်။
စျေးကတော့ ယာယီစျေးသာလုပ်ထားတဲ့အတွက် (၅) ရက် တစ်စျေးဖြစ်ပါတယ်။ အကျယ်က ကိုက် (၅၀) ပတ်လည် လောက်ဘဲရှိတာ။ ပတ်ပတ်လည်မှာ ရှမ်းရပ်ကွက်ရှိတယ်။
ဇွန်လ ၁၈၉၇ ခုနှစ်မှာ အင်္ဂလိပ် တို့ကောက်ခဲ့တဲ့ မှတ်တမ်းအရ
တောင်ကြီးမြို့သစ်ရဲ့
လူဦးရေက (၁၂၄၇) ဦး၊
အိမ်ခြေက (၃၃၆) အိမ်၊
လူမျိုးအနေနဲ့ပြောရင်တော့ –
ရှမ်း (၈၅၁) ဦး ၊
ဗမာ (၁၇၅) ဦး ၊
ကုလား (၁၈၉) ဦး ၊
တရုတ် (၃၂) ဦး
ပေါင်း (၁၂၄၇) ဦးရှိပါတယ်။
(မှတ်ချက်- ၁၈၉၇ ခုနှစ် ဇွန်လမှာ ကောက်ခဲ့တဲ့ အင်္ဂလိပ်မှတ်တမ်းအရ ၁၈၉၇ ခုနှစ် အထိ အများစိတ်ဝင်စားနေတဲ့ ပအိုဝ်းလူမျိုး
တစ်ယောက်မှ မရှိသေးပါ။)
#HsanLoiVoice
credit & မူရင်းရေးသားသူ