နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

တောင်ကြီးတွင် နွေဦးတော်လှန်ရေး (၂) နှစ်ပြည့် ဆန္ဒဖော်ထုတ်

တောင်ကြီးတွင် နွေဦးတော်လှန်ရေး (၂) နှစ်ပြည့် ဆန္ဒဖော်ထုတ်

Hsan Loi Editor
01/02/2023
Share:

 

တောင်ကြီးမြို့ ၊အမှတ် (၅) စျေး၏ ဂိတ်ပေါက်တွင်စစ်ကောင်စီ၏မတရားအာ ဏာသိမ်းမှုကြောင့် ပေါ် ပေါက်လာသည့်နွေဦးတော် လှန်ရေး (၂) နှစ်ပြည့်အထိန်းအမှတ်နှင့် အသံတိတ်သပိတ်အတွက်ပြည်သူများ သွေးမအေးကြောင်း စာများချိတ်ဆွဲကာ ဆန္ဒပြခဲ့ကြောင်း သိရသည်။

နွေဦးတော်လှန်ရေး (၂) နှစ်ပြည့်အထိန်းအမှတ် အ ဖြစ်ဖေဖော်ဝါရီ၊၁ရက်‌နေ့ နံနက် ၁၀:၀၀ နာရီမှ ည နေ ၃:၀၀ နာရီအတွင်း အပြင်မထွက်၊ ငြိမ်သက်တိတ်ဆိတ်ခြင်းသပိတ်ဖြင့် တော်လှန်ကြရန် တော် လှန်ရေး အင်အားစုအသီးသီးက နှိုးဆော်ထားကြသည်။

ရုံးမပိတ်နဲ့ လမ်းပေါ် မထွက်ဖို့သာအဓိက၊ တစ်သံတည်းညီ တချီတည်းရုန်းကြ၊ တရားမဝင် ရွေး ကောက်ပွဲကို တိုက်ဖျက်ကြ ၊တိတ်ဆိတ်မှုနဲ့ သက်သေပြ” ဟူသည့် စာသားများနှင့် ၅နာရီခန့်ကြာမြှင့်မည့် အပြင်မထွက် အသံတိတ်သပိတ်တွင်ပါဝင်ကြရန် တော်လှန်ရေး တက်ကြွလှုပ်ရှားသည့် အင်အားစုအသီးသီးက တိုက် တွန်းထားသည် ။