ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

တောင်ကြီးတွင် နိုင်ငံတော်အလံ လွှင့်ထောင်ထားရန် စစ်ကောင်စီ ညွန်ကြား

တောင်ကြီးတွင် နိုင်ငံတော်အလံ လွှင့်ထောင်ထားရန် စစ်ကောင်စီ ညွန်ကြား

Hsan Loi Editor
02/01/2024
Share:

 

တောင်ကြီးမြို့ ၊ အနောက်မြို့ပတ်လမ်းတစ်လျောက် ရှိနေအိမ်များ နိုင်ငံတော်အလံ လွင့်ထောင်ထားရန် စစ်ကောင်စီ ညွန်ကြားထားကြောင်းစုံစမ်းသိရသည် ။

“ ၃၀ ရက်နေ့ကနေ ၄ ရက်နေ့အထိ ဒီအနောက်မြို့ ပတ်လမ်းတစ်လျှောက်က အိမ်ရှေ့တွေမှာ နိုင်ငံ တော်အလံ လွင့်ထောင်ထားဖို့ ထွေအုပ်ကနေညွန်ကြားလာတယ်လို့ ရာအိမ်မှူးတွေက လာပြောတာ တစ်ချို့တလေ အိမ်တော့ထောင်ထားတာတွေ့ရပေမဲ့ အများစုက ဘာအလံမှမထောင်ဘူး” ဟု အနောက်မြို့ပတ်လမ်းတွင် နေထိုင်သူတစ်ဦးကပြောသည်။

စစ်ကောင်စီသည် လွတ်လပ်ရေးနေ့အထိန်းအမှတ် အဖြစ် နိုင်ငံတော်အလံ လွှင့်ထောင်ထားရန် ညွန်ကြားခြင်းဖြစ်ပြီး သက်ဆိုင်ရာ ရပ်ကွက်ရာအိမ်မှူးများကတစ်အိမ်တက်ဆင်း လိုက်လံဆော်သြော်နေသော်လည်းအတင်းအကျပ် ဖိအားပေးခြင်းမျိုးမရှိကြောင်း ဒေသခံများထံမှ သိရသည်။

တောင်ကြီးမြို့ပေါ်တွင် နှစ်သစ်ကူး မတိုင်ခင်ရက်ကတည်းက စစ်ကောင်စီ တပ်ဖွဲ့ဝင်များက မြို့တွင် လမ်းဆုံများတွင် ဆိုင်ကယ် ၊ ကားများ တားဆီးစစ် ဆေးခြင်းများပြုလုပ်နေကြောင်းသိရသည်။