ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

တောင်ကြီးတွင် ချယ်ရီပန်းများစတင်ဖူးပွင့်နေပြီး ချယ်ရီပန်းများမခူးကြရန် သစ်ပင်ချစ်သူများ မေတ္တာရပ်ခံ

တောင်ကြီးတွင် ချယ်ရီပန်းများစတင်ဖူးပွင့်နေပြီး ချယ်ရီပန်းများမခူးကြရန် သစ်ပင်ချစ်သူများ မေတ္တာရပ်ခံ

Hsan Loi Editor
01/01/2025
Share:

 

သျှမ်းပြည်နယ်‌တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ ဗုဒ္ဓတက္ကသိုလ်အနီးတွင် ယခုနှစ်ဦးစအချိန်မှာ ချယ်ရီ ပန်း များ စတင်ဖူးပွင့်နေပြီ ဖြစ်ပါသည်။

 

ချယ်ရီပန်းများ ပွင့်ချိန်တွင် ဒေသခံများနှင့် အနယ်နယ်အရပ်ရပ်က ခရီးသွားပြည်သူများက ချယ်ရီပန်းများနှင့်အတူ အလှဓါတ်ပုံများ သွားရောက် ရိုက်ကူးလေ့ရှိကြပါသည်။

 

ချယ်ရီပန်းပင်များကို အချို့သော သူများက အခက်ချိုးပြီး သွားရောက်ရောင်းချသလို အချို့သူများက အကိုင်းချိုးပြီး ဘုရားပန်းအဖြစ် သွားရောက်လှူဒါန်းသူများရှိသည့် အတွက်ကြောင့် တောင်ကြီး သစ်ပင်ချစ်သူများက ချယ်ရီပန်း ခူးခြင်း၊ ကိုင်းများချိုးခြင်း မပြုလုပ်ကြရန် မေတ္တာရပ်ခံထားပါသည်။

 

ချယ်ရီပန်းများသည်ပင်လယ်ရေ မျက်နှာပြင်အထက် ပေပေါင်း ၃၀၀၀ နှင့် ပေ ၄၀၀၀ ကျော် ရှိသောတောင်ပေါ်ဒေသများတွင်သာပွင့်ပြီးအေးသောရာသီဥတုကိုကြိုက်နှစ်သက်သည့် တောင်ပေါ်ပန်းတစ်မျိုးဖြစ်ကာ မြေပြန့်ဒေသတွင် ရှင်သန်ပေါက်ရောက် နိုင်ခြင်းမရှိသည့်ပန်းအမျိုးအစားဖြစ်သည် ။

 

Crd – Photo original uploader