ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

တောင်ကြီးတွင် ချယ်ရီပန်းများမခူးကြရန် သစ်ပင်ချစ်သူများ မေတ္တာရပ်ခံ

တောင်ကြီးတွင် ချယ်ရီပန်းများမခူးကြရန် သစ်ပင်ချစ်သူများ မေတ္တာရပ်ခံ

Hsan Loi Editor
16/01/2023
Share:

 

သျှမ်းပြည်နယ်မြို့တော်တောင်ကြီးတွင် ယခုရက် ပိုင်းအတွင်း ချယ်ရီပန်းပွင့်ချိန်ကာလ ဖြစ်သည့်အတွက် ချယ်ရီပန်းများကို ခူးခြင်း၊ ခုတ်ရောင်းခြင်းများမပြုလုပ်ရန် တောင်ကြီးသစ်ပင်ချစ်သူများအသင်းမှ မေတ္တာရပ်ခံထားကြောင်းသိရသည် ။

” ချယ်ရီပန်းပွင့်ဖို့ ကရက်ပိုင်းပဲလိုတော့တာ တစ်ချို့အပင်ဆို စပွင့်နေပြီ ချယ်ရီပန်းကို မိမိအိမ်မှာစိုက်ထားလို့ဖြစ်စေ တောတောင်ထဲမှာပွင့်ဖူးနေလို့ဖြစ်စေ မခူးရောင်းကြပါနဲ့။ မိမိတို့အားလုံး ပိုင်ဆိုင်ကြတဲ့ အလှတရားကို မိမိကြောင့်မပျက်စီးကြဖို့မေ တ္တာရပ်ခံတာပါ ၊ ချယ်ရီပန်းရောင်းလို့ မချမ်း သာနိုင်ပါဘူး ဒါပေမဲ့ ချယ်ရီပင်တွေအများကြီးစိုက်၊ မခုတ်ပဲ အလှထားရင် ခရီးသွားဝင်ငွေအများကြီးရပြီး လူတိုင်းဝင်ငွေရနိုင်ပါတယ် “ ဟု တောင်ကြီးသစ်ပင်ချစ်သူများအသင်းကပြောသည် ။

ဂျပန်နိုင်ငံတွင် ချယ်ရီပန်းပွင့်ချိန် ကာလပန်းကြည့်ပွဲတော် ကျင်းပသကဲ့သို့ပင် တောင်ကြီးမြို့တွင်လည်း ချယ်ရီပန်းပွင့်ချိန် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အထောက်အကူပြုနိုင်ကြောင်း ၄င်းကပြောသည် ။

ထို့ကြောင့် ချယ်ရီပန်း ခူး၍ဓါတ်ပုံရိုက်သူများ၊ ကိုင်းချိုး အပင်ခုတ်သူများအား အတူဝိုင်းဝန်း ရှုံ့ချကြရန်နှင့် မိမိ ရှေ့တွင်ချယ်ရီပင် ခူးခြင်း ၊ကိုင်းများချိုးခြင်းမြင်တွေ့ပါက ပြောဆိုတားမြစ်ကြရန်သစ်ပင်ချစ်သူများအသင်းကတိုက်တွန်းထားသည် ။

ချယ်ရီပန်းများသည်ပင်လယ်ရေ မျက်နှာပြင်အထက် ပေပေါင်း ၃၀၀၀ နှင့် ပေ ၄၀၀၀ ကျော် ရှိသောတောင်ပေါ်ဒေသများတွင်သာပွင့်ပြီးအေးသောရာသီဥတုကိုကြိုက်နှစ်သက်သည့် တောင်ပေါ်ပန်းတစ်မျိုးဖြစ်ကာ မြေပြန့်ဒေသတွင် ရှင်သန်ပေါက်ရောက်နိုင်ခြင်းမရှိသည့်ပန်းအမျိုးအစားဖြစ်သည် ။