ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

တောင်ကြီးတွင် ကုန်တင်ကားတစ်စီး တိမ်းမှောက် ၊ ကားပေါ်ပါလာသည့်လူတစ်ချို့ဒဏ်ရာရ

တောင်ကြီးတွင် ကုန်တင်ကားတစ်စီး တိမ်းမှောက် ၊ ကားပေါ်ပါလာသည့်လူတစ်ချို့ဒဏ်ရာရ

Hsan Loi Editor
29/12/2022
Share:

 

တောင်ကြီးမြို့၊ အရှေ့မြို့ပတ်လမ်း၊ အိမ်တော်ပန်း ခြံအနီးတွင် ယနေ့နံနက် ၉ နာရီခွဲခန့်က ကုန်တင်ကားတစ်စီး တိမ်မှောက်မှု ဖြစ်ပွားခဲ့ပြီး ယာဥ်ပေါ်လိုက်ပါလာသူ တစ်ချို့ ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ကုန်စိမ်းသီးနှံများ တင်ဆောင်လာသည့် CANTER အမျိုးအစား ကုန်တင်ယာဉ်တစ်စီးသည် တောင်ကြီးမြို့၊ အရှေ့မြို့ပတ်လမ်းအတိုင်း မောင်းနှင်လာရာ သစ်တောရပ် ကွက်ရှိ အိမ်တော်ပန်းခြံအကွေ့တွင် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့သဖြင့် ယာဉ်ပေါ်ပါ လူတစ်ချို့ ဒဏ်ရာရရှိခဲ့သည်ဟု ၄င်းဖြစ်စဥ်တွင် ကူညီကယ်ဆယ်ရေးများလုပ်ဆောင်ပေးနေသော သျှမ်းပြည်နယ်ကြက်ခြေနီ အသင်းက သတင်းထုတ်ပြန်ထားသည်။

အခင်းဖြစ်ပွားရာ နေရာသို့ယာဉ်ထိန်းများလာရောက် စစ်ဆေးခဲ့ပြီး ယာဉ်ပေါ်ပါ ဒဏ်ရာရလူနာများအား သျှမ်းမ်းပြည်နယ် ကြက်ခြေနီအသင်းမှ ရှေးဦးပြုစုပေးခဲ့ပြီး စဝ်စံထွန်းဆေးရုံ အရေးပေါ်ဌာနသို့ ကြက်ခြေနီ လူနာတင်ယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

#HsanLoiVoice

https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=

https://hsanloivoice.org/