ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

တောင်ကြီးတွင် ကိုဗစ်ကူးစက်မှု ရှိသည်ဟု ဆိုကာ unplugged ဘား နှင့် DJ ကလပ်များ ရက်အကန့် အသတ်မရှိ ပိတ်ခိုင်းထား

တောင်ကြီးတွင် ကိုဗစ်ကူးစက်မှု ရှိသည်ဟု ဆိုကာ unplugged ဘား နှင့် DJ ကလပ်များ ရက်အကန့် အသတ်မရှိ ပိတ်ခိုင်းထား

Hsan Loi Editor
09/05/2023
Share:

 

သျှမ်းပြည်နယ် မြို့တော် တောင်ကြီးတွင် ပြီးခဲ့သည့် မေလ ၅ ရက်နေ့မှ စတင်ကာ မြို့တွင်းကိုဗစ်ပိုးကူးစက်မှုရှိသည်ဟု ဆိုကာ စစ်ကောင်စီက unplugged ဘား နှင့် DJ ကလပ်များ ရက်အကန့် အသတ်မရှိ ပိတ်ခိုင်းထားကြောင်း ဘားဆိုင်ပိုင်ရှင်တစ်ချို့ထံမှ သိရသည် ။

 

” သောကြာ နေ့ကတည်းက ပိတ်လိုက်ရတာပဲ စာထွက်ထားတယ်လေ မပိတ်လို့မရဘူး ၊ရက်အကန့်အသတ်မရှိ လို့ တော့ စာထဲပါတယ်၊ တကယ်က ကို ဗစ်ကိုကြောင်း ပြလိုက်တာပေါ့ အဓိကကသူတို့တွေထဲ ပြန် ကြားတာက VIP ခရီးစဥ်တွေ ရှိနေလို့ပေါ့ ” ဟု ဘားဆိုင်ပိုင်ရှင်တစ်ဦးကပြောသည် ။

 

စစ်ကောင်စီက unplugged ဘား နှင့် DJ ကလပ်များ ရက်အကန့် အသတ်မရှိ ပိတ်ခိုင်းထားသော် လည်း KTVဆိုင်များမပါရှိကြောင်း မင်္ဂလာဦး ရက်ကွက်နေ တောင်ကြီး မြို့ခံတစ်ဦးကပြောသည် ။

 

” KTV တွေ မပိတ်ပါဘူး ၊ နေ့ခင်းဖက်မှာတောင် K Boss မှာ ကားတွေ ဆိုင်ကယ်တွေ အပြည့်ပဲ ၊ VIP လမ်း ကြောင်းရှိလို့ ပိတ်ခိုင်းတယ်လို့ပဲမြင်တယ် ၊ သူတို့ခေတ်ဆိုတော့ သူတို့ပိတ်ချင်ပိတ် ဖွင့်ချင်ဖွင့်လုပ်နေတာပေါ့ ဒါပေမဲ့ ” ဟု ၄င်းကပြောသည် ။

 

တောင်ကြီးမြို့လည်တွင်ဖွင့်လှစ်ထားသော KBZ ဘဏ်ဥက္ကဌ ဦးအောင်ကိုဝင်းပိုင်ဆိုင်သည့် Jasmine Taunggyi hotel တွင်ဖွင့်လှစ်ထားသည့် unplugged ဘားမှာ ပိတ်ထားခြင်းမရှိကြောင်းသိရသည် ။

 

ပြီးခဲ့သည့် လပိုင်းကလည်းတောင်ကြီး highfight ဘားတွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့များမှ အင်အားအများအပြားဖြင့် ဝင်ရောက်ရှာဖွေမှုများပြုလုပ်ခဲ့သေးကြောင်း မျက်မြင် မြို့ခံတစ်ဦးကပြောသည် ။

 

” မူးယစ်ဆေးဝါး ဖမ်းတာလိုလို ၊ လူလာရှာတာလိုလိုနဲ့ အခန်းတိုင်းဝင်စစ်တာ နေရာတကာပါပဲ သူတို့မထင်ရင်မထင်သလို ဝင်စစ်တာပဲ ” ဟု ဆိုသည် ။

 

စစ်ကောင်စီကျန်းမာရေး ဝန်ကြီးဌာန ၏ မေလအတွင်းနောက်ဆုံးထုတ်ပြန်ချက်များအရ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ (၁၅၅) ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှု အခြေအနေ များထဲတွင် သျှမ်းပြည်နယ် တောင်ကြီး မြို့တွင် ကိုဗစ်ပိုးကူးစက်ခံရသူတစ်ဦး သာ ရှိကြောင်းထုတ်ပြန်ထားသည် ။

 

အာဏာသိမ်းပြီးနောက် ယခုနှစ်အတွင်း တောင်ကြီးမြို့ပေါ်တွင် unplugged ဘားဆိုင်များ ၁၀ ခုထက်မနည်း ဖွင့်လှစ်လာပြီး DJ ကလပ် ၂ ခုဖွင့်လှစ်လာကြောင်း မြို့ခံများထံမှ သိရသည် ။

 

Photo – တောင်ကြီးမြို့ပေါ်ရှိ unplugged ဘား ဆိုင်တစ်ချို့ မြင်ကွင်း ။