ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
တောင်ကြီးတန်ဆောင်တိုင် ရိုးရာမီးပုံးပျံပွဲကျင်းပရာ အဝင်/ထွက်စစ်ဆေးရေးဂိတ်တွေမှာစစ်ကောင်စီလုံခြုံရေးတွေက ဖုန်းသိမ်းယူ စစ်ဆေးမှုတွေရှိနေတယ်လို့တန်ဆောင်တိုင်ပွဲ လာရောက်လည်ပတ်သူတွေဆီက စုံစမ်း သိရပါတယ် ။
” မီးပုံးပျံ ကို ဗီဒီယို ရိုက်ကြတာကို သူတို့ စက်တွေနဲ့ စစ်ဆေးရေးလုပ် နေတာ ကိုရိုက်တယ်လို့ ထင်ပြီး ဖုန်းသိမ်းသွားတာ ” လို့ ဖုန်းသိမ်းခံရသူတစ်ဦးက ပြောပါတယ် ။
အဲ့ဒီလို ဖုန်းသိမ်းခံရတဲ့ သူတွေထဲမှာ ဖုန်းပြန်ရတဲ့သူတွေရှိသလို ပြန်မရတဲ့ သူတွေလဲရှိတယ်လို့ သိရပါတယ် ။
” မနေ့ညက သူငယ်ချင်းဖုန်းအသိမ်းခံရတာတော့ ပြန်ရတယ် ဒါပေမဲ့ စစ်ဆေး နေတာကြောင့်ရယ် ၊ ဖုန်းထုတ်ဖို့ စောင့်ရတာရယ်ကြောင့် အချိန်အရမ်းကြာတယ် အသိမ်း ခံရတဲ့သူများတယ်လို့ ” လို့ ပြောပါတယ် ။
စစ်ကောင်စီလုံခြုံရေးတွေက တန်ဆောင်တိုင်ပွဲအဝင် အထွက် နေရာ တွေမှာ X-ray စက်တွေနဲ့ ပွဲတော်လာရောက်လည်ပတ်သူ ထောင်နဲ့ချီပြည်သူတွေကိုတစ်ဦးချင်းယောက်ချင်းစစ်ဆေးရေးပြုလုပ်နေတာပါ ။
ပွဲတော်အဝင်/ထွက်က စစ်ဆေးရေးဂိတ်တွေမှာ လူရာနဲ့ချီပိတ်မိနေပြီး ပွဲလာရောက်လည်ပတ်သူတွေအနေနဲ့ ကွင်းထဲဝင်ဖို့၂ နာရီဝန်းကျင်အထိစောင့်ရတယ်လို့ သိရပါတယ် ။
စစ်ကောင်စီကတောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကို ဒေသတွင်းလုံခြုံရေးအင်အားအပြင် PNA ပြည်သူ့စစ်နဲ့ နေပြည်တော်က ရဲတပ်ဖွဲ့ တွေကိုပါ ပူးတွဲအင်အားဖြည့်ထားတယ်လို့ သိရပါတယ် ။
စစ်ကောင်စီဦးစီးကျင်းပတဲ့ ယခုနှစ် တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကို ညလွှတ်မီးပုံးပျံ ညမီးကြီး(၂၆)လုံး၊ စိန်နားပန် မီးပုံးပျံ (၂၁)လုံး စုစုပေါင်းအလုံးရေ (၄၇)လုံးနဲ့ နေ့လွှတ်အရုပ် မီးပုံး ပျံ ခြေနှစ်ချောင်း (၁၄၇)လုံး၊ ခြေလေးချောင်း (၄၀)လုံး၊ အရုပ်အုပ်စု (၂၂)လုံး စုစုပေါင်း (၂၀၉) လုံး ကို နိုဝင်ဘာလ(၁၁)ရက်ကနေ (၁၇)ရက်နေ့အတွင်းလွှတ်တင်ယှဉ်ပြိုင်သွားမှာ ဖြစ်တယ်လို့ကြေငြာထားပါတယ် ။
Photo – facebook