နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

တောင်ကျချောင်းအတွင်း ပြုတ်ကျသောကြောင့် တောင်ယာကပြန်လာသည့် မိခင်နှင့်လသားအရွယ် ကလေးငယ်သေဆုံး

တောင်ကျချောင်းအတွင်း ပြုတ်ကျသောကြောင့် တောင်ယာကပြန်လာသည့် မိခင်နှင့်လသားအရွယ် ကလေးငယ်သေဆုံး

Hsan Loi Editor
05/09/2024
Share:

 

၂၀၂၄ ခုနှစ် စက်တင်ဘာလ(၄)ရက်နေ့ ညနေ(၄း၀၀)နာရီခန့်တွင် သျှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့အနီး ထီသိမ်တောင်ရွာတွင် နေထိုင်သော အမျိုးသမီးတစ်ဦးသည် ၎င်း၏လသားအရွယ် ကလေးငယ်နှင့်အတူ တောင်ယာမှအပြန် တောင်ကျချောင်းရေဖြတ်ကူးစဉ် ရေချောင်းအတွင်းခြေချော်ကျပြီး ရေစီးထဲမျောပါသေဆုံးခဲ့ရကြောင်း သိရသည်။

 

“သူတို့သားအမိ တောင်ယာကနေအပြန် တောင်ကျချောင်းရေကိုဖြတ်ကူးတဲ့အချိန် ခြေချော်ပြီးတော့ ချောင်းထဲပြုတ်ကျသွားပြီး ရေစီးနဲ့မျောပါသွားတာ။ ကလေးကိုလည်း ကျောပိုးရက်နဲ့ပြုတ်ကျသွားတာဆိုတော့ ၂ ယောက်စလုံး ရေစီးအတိုင်းပါသွားကြတာပေါ့။ ရေစီးကအရမ်းသန်တော့ ကလေးတစ်နေရာ မိခင်တစ်နေရာကွဲသွားကြတယ်။ ကျနော်တို့အဖွဲ့ပြန်ရှာကြတဲ့အချိန် မိခင်ကိုတော့ ရေစီးကြောင့် ဒဏ်ရာတွေရပြီး သေဆုံးနေတာကို ပြန်တွေ့ပေမယ့် ကလေးကိုတော့ အခုထိ ရှာမတွေ့သေးပါဘူး။”ဟု နာရေးကူညီမှုအသင်း အောင်ပန်းက အဖွဲ့ဝင်တစ်ဦးက ပြောပြသည်။

 

လသားအရွယ်ကလေးငယ်၏ ရုပ်အလောင်းကို ဆက်လက်ရှာဖွေနေဆဲဖြစ်ပါသည်။ မိခင်ဖြစ်သူ၏ ရုပ်အလောင်းကိုတော့ နာရေးကူညီမှုအသင်း အောင်ပန်းအဖွဲ့နှင့် ရွာသူရွာသားများက အောင်ပန်းဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။