ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

တိုင်းတစ်ပါးသားများအပေါ် ယုံကြည်ကိုးစားမှု လွန်ကဲခြင်းကြောင့် တိုင်းပြည်ဘဏ္ဍာတွေ ဆုံးရှုံးခဲ့ရဟု အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကပြော

တိုင်းတစ်ပါးသားများအပေါ် ယုံကြည်ကိုးစားမှု လွန်ကဲခြင်းကြောင့် တိုင်းပြည်ဘဏ္ဍာတွေ ဆုံးရှုံးခဲ့ရဟု အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကပြော

Hsan Loi Editor
17/10/2024
Share:

 

မြန်မာနိုင်ငံရဲ့ ဒုတိယအကြိမ်မြောက် ဒီမိုကရေစီအစိုးရသက်တမ်းကာလမှာ တခါတုန်းက မြန်မာ့သမိုင်းထဲကလို တိုင်းတပါးသားများအပေါ် ယုံကြည်ကိုးစားမှု လွန်ကဲခြင်းတွေကြောင့် တိုင်းပြည် ဘဏ္ဍာတွေဆုံးရှုံးခဲ့ရသလို မဖြစ်မနေထိမ်းသိမ်းရမည့် ပြည်တွင်းရေးလျှို့ဝှက်ချက်တွေကိုလည်း ပေါက်ကြားစေခဲ့တယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် က ပြောကြားသွားကြောင်း သိရသည်။

 

အောက်တိုဘာလ(၁၅)ရက်မှာ ကျင်းပသွားတဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) စာချုပ်ချုပ်ဆိုခြင်း (၉)နှစ်ပြည့်အခမ်းအနားမှာ အထက်ပါအတိုင်း ပြောကြားသွားခဲ့ပါသည်။

 

ဆက်လက်ပြီး မိမိနိုင်ငံကို သစ္စာမဲ့၊ အသိဥာဏ် အားနည်းတဲ့ မိမိနိုင်ငံသားများကသာ ပြည်ပက မြောက်ထိုးပံ့ပိုးမှုများဖြင့် ဖျက်ဆီးနေခြင်းဖြစ်ကြောင်း၊ ပြည်ပ ပယောဂများ လွှမ်းမိုးနေသည့် အကြမ်းဖက်မှုတွေလျော့ပါးစေဖို့ တိုင်းပြည်ကာကွယ်ရေးစွမ်းအားတွေ တောင့်တင်းခိုင်မာစေဖို့အတွက် ၂၀၁၀ ပြည့်နှစ်က ပြဌာန်းထားခဲ့သည့် ပြည်သူ့စစ်မှုထမ်း ဥပေဒေကို အာဏာတည်စေခဲ့ပြီး နိုင်ငံတော် လုံခြုံရေးကဏ္ဍကို တိုးမြင့်နိုင်အောင် ဆောင်ရွက်ခဲ့ပြီး စစ်ကောင်စီအနေဖြင့် အကြမ်းဖက် သောင်းကျန်သူများကို နှိမ်နင်းဖို့ လိုအပ်တဲ့ လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်တာတွေကို ထပ်မံ ဆောင်ရွက်မှာ ဖြစ်ကြောင်း ထည့်သွင်းပြောကြားသွားသည်။

 

ထို့အပြင် ပြည်ပကို ယုံကြည်အားကိုးမှုကြောင့် တိုင်းပြည် ဘဏ္ဍာတွေဆုံးရှုံးခဲ့ရကြောင်း ပြော ကြားထားတဲ့ အကြမ်းဖက်စစ်ခေါင်းဆောင်က လာမည့် နိုဝင်ဘာလမှာ တရုတ်နိုင်ငံကို သွားရောက်မည် ဖြစ်ကြောင်း သိရှိရပါသည်။