ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
ကရင်နီပြည်နယ် ၊ ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်းရှိ ပြည်သူလူထုများနေထိုင်သည့် ကျေးရွာတစ်ရွာအား တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီမှ အောက်တိုဘာလ (၄) ရက်နှင့် (၅) ရက်နေ့တို့တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနက ယနေ့တွင်ထုတ်ပြန်ထားသည်။
ဖရူဆိုမြို့နယ် ၊ အနောက်ဖက်ခြမ်းရှိ ကျေးရွာတစ်ရွာအား စစ်ကောင်စီ၏ အမှတ် (၁၄) တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်း မှ အောက်တိုဘာ လ (၄) ရက်နေ့ ည(၁၁) နာရီ အချိန်ခန့်တွင် တာဝေးပစ် (၁၂၀) မမ လက်နက် ကြီးများဖြင့် ပစ်ခက်ခဲ့ရာ ရွာအတွင်း (၅) လုံးကျရောက်ကာ နေအိမ် (၂) လုံးထိခိုက်ပျက်ဆီးခဲ့သည်ဟုဆိုသည်။
ထို့အတူ အောက်တိုဘာလ (၅) ရက်နေ့ ညနေ (၅) နာရီအချိန်ခန့်တွင် အဆိုပါ စစ်ကောင်စီတပ်မှ ကျေးရွာတွင်းသို့ လက်နက်ကြီးများ ထပ်မံ၍ ပစ်ခတ်ခဲ့ရာ အသက် (၅၀) ဝန်းကျင်အရွယ် ဒေသခံအမျိုးသမီးတစ်ဦး၏ ဦးခေါင်း နှင့် ကျောကုန်းတို့တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သလို နွားတစ်ကောင်လည်း ထိခိုက်သေဆုံးခဲ့ပြီး ည (၁၀) နာရီကျော် အချိန်တွင် လက်နက်ကြီး (၁၀) လုံးခန့် ကျေးရွာဖက်သို့ ဦးတည်၍ ထပ်မံပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
ဖရူဆိုမြို့နယ် အခြေစိုက် စစ်ကောင်စီ၏ အမှတ် (၁၄) တန်းမြင့် စစ်လေ့ကျင့်ရေးကျောင်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သော အထက်ပါကျေးရွာမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားနေသော နေရာမဟုတ်ဘဲ ဒေသခံပြည်သူအချို့လည်း နေထိုင်နေသေးသည့် ကျေးရွာသာဖြစ်ပြီး အရပ်သားပြည်သူများအား ရန်သူသဖွယ် သတ်မှတ်၍ စစ်ရာဇဝတ်မှု့များအား စစ်ကောင်စီမှ ပေါ်ပေါ်ထင်ထင် ကျူး လွန်လုပ်ဆောင်လျှက်ရှိသည်ဟု ထုတ်ပြန်ထား သည်။