နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

တိုက်ပွဲ ဖြစ်ပွားခြင်းမရှိပဲ ဖရူဆိုအနောက်ဖက်ခြမ်းကျေးရွာအားစစ်ကောင်စီတပ် မှလက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

တိုက်ပွဲ ဖြစ်ပွားခြင်းမရှိပဲ ဖရူဆိုအနောက်ဖက်ခြမ်းကျေးရွာအားစစ်ကောင်စီတပ် မှလက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

Hsan Loi Editor
06/10/2023
Share:

 

ကရင်နီပြည်နယ် ၊ ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်းရှိ ပြည်သူလူထုများနေထိုင်သည့် ကျေးရွာတစ်ရွာအား တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီမှ အောက်တိုဘာလ (၄) ရက်နှင့် (၅) ရက်နေ့တို့တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနက ယနေ့တွင်ထုတ်ပြန်ထားသည်။

ဖရူဆိုမြို့နယ် ၊ အနောက်ဖက်ခြမ်းရှိ ကျေးရွာတစ်ရွာအား စစ်ကောင်စီ၏ အမှတ် (၁၄) တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်း မှ အောက်တိုဘာ လ (၄) ရက်နေ့ ည(၁၁) နာရီ အချိန်ခန့်တွင် တာဝေးပစ် (၁၂၀) မမ လက်နက် ကြီးများဖြင့် ပစ်ခက်ခဲ့ရာ ရွာအတွင်း (၅) လုံးကျရောက်ကာ နေအိမ် (၂) လုံးထိခိုက်ပျက်ဆီးခဲ့သည်ဟုဆိုသည်။

ထို့အတူ အောက်တိုဘာလ (၅) ရက်နေ့ ညနေ (၅) နာရီအချိန်ခန့်တွင် အဆိုပါ စစ်ကောင်စီတပ်မှ ကျေးရွာတွင်းသို့ လက်နက်ကြီးများ ထပ်မံ၍ ပစ်ခတ်ခဲ့ရာ အသက် (၅၀) ဝန်းကျင်အရွယ် ဒေသခံအမျိုးသမီးတစ်ဦး၏ ဦးခေါင်း နှင့် ကျောကုန်းတို့တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သလို နွားတစ်ကောင်လည်း ထိခိုက်သေဆုံးခဲ့ပြီး ည (၁၀) နာရီကျော် အချိန်တွင် လက်နက်ကြီး (၁၀) လုံးခန့် ကျေးရွာဖက်သို့ ဦးတည်၍ ထပ်မံပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

ဖရူဆိုမြို့နယ် အခြေစိုက် စစ်ကောင်စီ၏ အမှတ် (၁၄) တန်းမြင့် စစ်လေ့ကျင့်ရေးကျောင်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သော အထက်ပါကျေးရွာမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားနေသော နေရာမဟုတ်ဘဲ ဒေသခံပြည်သူအချို့လည်း နေထိုင်နေသေးသည့် ကျေးရွာသာဖြစ်ပြီး အရပ်သားပြည်သူများအား ရန်သူသဖွယ် သတ်မှတ်၍ စစ်ရာဇဝတ်မှု့များအား စစ်ကောင်စီမှ ပေါ်ပေါ်ထင်ထင် ကျူး လွန်လုပ်ဆောင်လျှက်ရှိသည်ဟု ထုတ်ပြန်ထား သည်။