ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
MNDAA အဖွဲ့က သိမ်းပိုက်ထားသော သျှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့အား စစ်ကောင်စီက ယနေ့ (၁၀.၁၀.၂၀၂၄) ရက်နေ့ နံနက် (၂) နာရီခွဲ ဝန်းကျင်ခန့်တွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟု သိရသည်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ သိန္နီမြို့နယ် ပန်လော့ကျေးရွာအုပ်စု မန်ချက်ရွာအား စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရွာအတွင်းရှိ လူနေအိမ်အချို့ ထိခိုက်ပျက်စီးပြီး ရွာသူရွာသား (၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။