ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
၂၀၂၃ ခုနှစ် ဩဂုတ်လ (၃၀) ရက်နေ့ ည (၈) နာရီခန့်က သျှမ်းပြည်နယ်မြောက်ပိုင်း တာမိုးညဲမြို့တွင် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ် (MNDAA) – ကိုးကန့်အဖွဲ့သည် တာမိုးညဲမြို့၊ ရပ်ကွက် (၂) ရှိ နေအိမ်တစ်အိမ်ကို တပ်သားသစ်စုဆောင်းရန် ဝင်ရောက်စဉ် ဒေသခံပြည်သူတစ်ဦးအား သေနတ်ဖြင့် ပစ်သတ်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်အရ တာမိုးညဲမြို့ရှိ ကချင်တိုင်းရင်းသားညီအစ်ကို (၂) ဦး နေထိုင်သော အိမ်အတွင်း အဓမ္မဝင်ရောက်ဖမ်းဆီးရင်း ရုန်းရင်းဆန်ခတ်ဖြစ်ပြီး MNDAA တပ်သားမှ သေနတ်ဖြင့်ပစ်ခတ်ခဲ့ပြီး တစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။
သေဆုံးသူများသည် ညီအကို (၂) ဦးမှ ညီဖြစ်သူ အသက် (၂၁) နှစ်အရွယ် အမျိုးသားလူငယ်တစ်ဦးဖြစ်ကာ ဘယ်ဖက်ရင်ဘတ်ကို သေနတ်ထိမှန်ပြီး နေအိမ်တွင်ပင်သေဆုံးခဲ့ခြင်းဖြစ်သည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ MNDAA မှ တစ်စုံတစ်ရာထုတ်ပြန်လာခြင်းမရှိသေးကြောင်း သတင်းရရှိသည်။