ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
တာချီလိတ်မြို့ ဆန်ဆိုင်း (က) ရပ်ကွက် ၊ ပုံလိုလမ်းမပေါ်တွင် နိုဝင်ဘာ (၂၄) ညနေပိုင်းက ဆိုင်ကယ်မောင်းနှင်လာသော အမျိုးသမီးတစ်ဦးထံမှ ဆိုင်ကယ်ချင်းကပ်လျှက် ပိုက်ဆံအိတ် လုယက်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
၄င်းအမျိုးသမီးသည် ဆေးခန်းပြရာမှအပြန် ဆိုင်ကယ်မောင်းနှင်နေစဥ် ဆိုင်ကယ်တွင် ချိတ်ထားသော ပိုက်ဆံအိတ်အား အမည်မသိ အမျိုးသား ၂ ဦး မောင်းနှင်လာသည့် ဆိုင်ကယ်မှ အနားကပ်လာပြီး ဖြုတ်လုသွားခြင်းဖြစ် ကြောင်း သိရသည်။
လုယူခံရသည့် ပိုက်ဆံအိတ်ထဲ၌ ယာဥ်မောင်းလိုင်စင်၊ ထိုင်းဘတ်ငွေ 30000 နှင့် ရွှေထည်ပစ္စည်းတစ်ချို့ ပါသွားကြောင်း သိရသည်။
တာချီလိတ်မြို့ပေါ်တွင် ပြီးခဲ့သည့် ဩဂုတ်လတွင်လည်း ယင်းကဲ့သို့ဆိုင်ကယ်နှင့် လုယက်မှုဖြစ်စဉ်များဖြစ်ပွားခဲ့သေးကြောင်း သိရှိရသည်။
#HsanLoiVoice
https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=
https://hsanloivoice.org/