ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
ဖေဖော်ဝါရီလ ၂၇ ရက်နေ့ညပိုင်းက တာချီလိတ်မြို့နယ်၊ မကာအိုခမ်းရပ်ကွက်၌ ဗုံး ၄ လုံးပေါက်ကွဲမှုသည် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ပါဆတ်ရပ်ကွက်၌ မူးယစ်ဆေးဝါး ဖမ်းဆီးမှုအပေါ် လက်စားပြန်ချေခြင်းဖြစ်ကြောင်း မယ်ဆိုင်ပရပ်စ်က ရေးသားဖော်ပြထားပါသည်။
“ တာချီလိတ်မြို့ မကာအိုခမ်းရပ်ကွက်ရှိ ကြံ့ခိုင်ရေးရုံးအား ကျွန်တော်တို့ အရှေ့ပိုင်းနဂါးအဖွဲ့မှ Mission လုပ်ဆောင်ခဲ့ပါကြောင်း မိဘပြည်သူများကို အသိပေးကြေညာအပ်ပါသည်” ဟု အရှေ့ပိုင်းနဂါးက ယမန်နေ့က ထုတ်ပြန်ခဲ့သည်။
အရှေ့ပိုင်းနဂါး၏လှုပ်ရှားမှုများကို လေ့လာကြည့်ရူ့ရာတွင် ယခုစစ်အာဏာရှင်စနစ်ကို တော်လှန်နေသည့် နွေဦးတော်လှန်ရေးအဖွဲ့သားများအဖြစ်သာ ထုတ်ပြောထားပါသည်။
ဖေဖော်ဝါရီလ ၂၇ ရက်နေ့ညနက်ပိုင်း ၉ နာရီခွဲဝန်းကျင်ခန့်တွင် သျှမ်းအရှေ့ တာချီလိတ်မြို့နယ်၊ မကာအိုခမ်းရပ်ကွက်၊ မြဝတီဘဏ်အရှေ့ဘက် ကြံခိုင်ရေးပါတီရုံးအနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ပါသည်။
လွန်ခဲ့သော ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ညနေ ၄ နာရီအချိန် တာချီလိတ်မြို့၊ ပါဆတ်ရပ်ကွက်၊ လွန်းကျိုင်းရပ်ရှိ အမှတ် (၃/၁၂၂) နှင့် (၃/၁၂၃) နေအိမ် ၂ လုံးမှ အိုက်စ် မက်သ်အဖက်တမင်း ၅၈၀ ကီလိုဂရမ်၊ စိတ်ကြွဆေးပြား ၂၇.၄ သန်း၊ ကဖင်း ၄ တန်နှင့် ဆက်စပ်ပစ္စည်း၊ မော်တော်ယာဉ် ၄ စီးတို့ကို CCDAC မူးယစ်ဘက်က ဖမ်းဆီးခဲ့သည်။
မယ်ဆိုင်ပရပ်စ်၏ သတင်းအချက်အလက်အရ အဆိုပါ ၁၃ ရက်နေ့ဖမ်းဆီးမှုတွင် စိတ်ကြွဆေးပြား ၃၆ သန်း၊ ကဖင်း ၅၀၀၀ ကီလိုဂရမ်နှင့် ဆက်စပ်ပစ္စည်းများဟု ရေးသားဖော်ပြထားရာ အချက်အလက်ပမာဏများပြားစွာ ကွဲပြားနေသည်ကိုလည်း တွေ့မြင်ရပြန်သည်။