ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၊ တိုးနယားလမ်းရှိ ကျော်သိန်း(ခ)ခွန်မောင်ညိုပိုင်ဆိုင်သော ခြံဝိုင်းအတွင်း ဖေဖော်ဝါရီလ(၂၃)ရက်နေ့ နံနက်(၅)နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်ဖမ်းဆီးရာတွင် ကျားဖြန့်လုပ်ငန်းလုပ်ကိုင်ကြသော ထိုင်းနိုင်ငံသား(၁၄၈)ဦး၊ တရုတ်နိုင်ငံသား(၁)ဦးနှင့် မြန်မာနိုင်ငံသား(၅၄၀)ဦး ဖမ်းဆီးခံခဲ့ရသည်ဟု ဆိုသည်။
တရုတ်နိုင်ငံသားနှင့် ထိုင်းနိုင်ငံသားများအား ၎င်းတို့၏ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းသွားဖြစ်ပြီး မြန်မာနိုင်ငံသားများအား တရားဥပဒေအရ ဆက်လက်အရေးယူသွားမည်ဟု စစ်ကောင်စီ၏ သတင်းအရင်းအမြစ်က ဖော်ပြထားသည်။