ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်၊ လွယ် တော်ခမ်းကျေးရွာအုပ်စု၊ တစ်ရာကုတ်ကျေးရွာအနီးရှိ စိတ်ကြွရူးသွပ်ဆေးပြားထုတ်လုပ်သည့် စခန်းတွင်းမှအမျိုးသား ၈ ဦးနှင့်အတူ ငွေကျပ် ၂ ဒသမ ၁၁ ဘီလီယံကျော်တန်ဖိုးရှိမူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိကြောင်း နိုဝင်ဘာ ၂၅ ရက်နေ့က CCDAC MYANMAR ကဖော်ပြထားသည်။
၄င်းမူးယစ်ဆေးဝါးထုတ်လုပ်သည့်စခန်းတွင် ဒေ သကာလတန်ဖိုးငွေကျပ် ၂ ဒသမ ၁၁ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂ ဒသမ ၇၃၃ သန်း၊ စိတ်ကြွဆေးအကြေမှုန့် ၂၅၃ ကီလို၊ ဘိန်းစိမ်း ၃ ကီလို၊ ကဖင်း ၂၉ ကီလို၊ AK-47 သေနတ် ၂ လက်၊ ၎င်းကျည် ၁၀ တောင့်၊ အမ်-၂၂ သေနတ် ၁ လက်၊ ၎င်းကျည် ၅ တောင့်၊ ပွိုင့်-၂၂ သေနတ် ၁ လက်၊ ၁၂ ဗို့ ပြောင်းရှည်သေနတ် ၁ လက်၊ စိတ်ကြွရူးသွပ်ဆေးပြားထုတ်လုပ်သည့် ဆေးပြားရိုက်က်စက် ၁ လုံးနှင့် ဆက်စပ်ပစ္စည်းများ တွေ့ရှိဖမ်းဆီးခဲ့ကြောင်း သိရသည်။
စစ်ဆေးဖော်ထုတ်ချက်အရ နိုဝင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ရေပူစမ်းကျေးရွာရှိ စိတ်ကြွရူးသွပ်ဆေးပြားထုတ်လုပ်သည့် စခန်းပိုင်ရှင်တို့၏နေအိမ်မှ စိတ်ကြွ ရူးသွပ်ဆေးပြား ၄၁၃၆၀ ပြား၊ စိတ်ကြွဆေးပြားထုတ်လုပ်ရာတွင် အသုံးပြုသည့် မွှေစက်အသေး ၁ လုံး နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၇၃၉၂ ပြား၊ စိတ်ကြွဆေးအကြေမှုန့် ၇၀၀ ဂရမ်တို့ ထပ်မံသိမ်းဆည်းရမိခဲ့ပြီး ၎င်းတို့အား ဥပဒေအရ အရေးယူထားကြောင်း၊ မူးယစ် ဆေးဝါးထုတ်လုပ်သယ်ဆောင်ရောင်းဝယ်သူများပိုင်ဆိုင်သည့် ငွေကြေးအကျိုးအမြတ်များနှင့် ပိုင်ဆိုင်မှုများအား ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးနှင့် ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR က ဖော်ပြထားသည်။
#HsanLoiVoice
https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=
https://hsanloivoice.org/