ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

တာချီလိတ်တွင် ရွှေလုပ်ငန်းပိုင်းအသုံးပြုရသော ထုံးဖိုစက်ရုံမှ ထွက်သည့် အနှံ့ဆိုးကြောင့် ပြည်သူများခေါင်းကိုက်၊ မူးဝေခြင်းများဖြစ်ပွား

တာချီလိတ်တွင် ရွှေလုပ်ငန်းပိုင်းအသုံးပြုရသော ထုံးဖိုစက်ရုံမှ ထွက်သည့် အနှံ့ဆိုးကြောင့် ပြည်သူများခေါင်းကိုက်၊ မူးဝေခြင်းများဖြစ်ပွား

ahadmin
17/11/2022
Share:

သျှမ်းပြည်နယ် အရှေ့ပိုင်းတာချီလိတ်မြို့နယ်၊ ဝမ်လုံး ကျေးရွာအုပ်စုရှိ ၉၉၉ အုတ်စက် အနောက်ဖက် ကပ်လျှက်၊ ထုံးဖိုစက်ရုံမှ အနှံ့ဆိုးများထွက်ကာ ပြည်သူများကျန်းမာရေး ထိခိုက်မှုများရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

“ အဲ့ဒီစက်ရုံက တရုတ်ပိုင်လို့သိရတယ် ၊ တာချီလိတ်တမြို့လုံးအနှံ့ဆိုးနဲ့ ဒုက္ခပေးနေတာ၊ ရေရှည်ဆိုရင် တစ်မြို့လုံးရောဂါဖြစ်မှာသေချာတယ်” ဟု တာချီလိတ်မြို့ခံတစ်ဦးကပြောသည်။

ယင်းအနှံ့ဆိုးကြောင့် တာချီလိတ်မြို့ပေါ်ရပ်ကွက် တစ်ချို့နှင့် လွယ်စတုံကျေးရွာအထက်နှင့် အောက်၊ ဝိန်းဝကျေးရွာ၊ ဖာတီမာကုန်းနှင့် ပါလျှံစသည့် ကျေးရွာ နေပြည်သူများ အိပ်စက်ရခက်ခဲခြင်း၊ မူးဝေခြင်း၊ ခေါင်း ကိုက်ခြင်းနှင့် စိတ်ဖိစီးမှုများ ခံစားနေရကြောင်း ဒေသထံများကဆိုသည်။

” ပါလျှံဖက်မှာဆို ညနေ ၄ နာရီနောက်ပိုင်း အနံ့ကစရနေပြီ မခံနိုင်ဘူး အသက်ရှူမ၀ဘူး မနက်ပိုင်း ၇ နာရီအထိ အနှံ့ရနေတုန်းပဲ ဒီနေ့တော့ သက်ဆိုင်ရာက လာစစ်သွားတယ်လို့ သိရတယ်” ဟု ပါလျှံ ကျေးရွာဒေသခံတစ်ဦးကပြောသည်။

ယနေ့ နံနံပိုင်းက ထုံးဖိုစက်ရုံသို့ သက်ဆိုင်ရာတာ ဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ပြီး စစ်ဆေးဆဲကာလ၌ စက်ရုံအား ယာယီပိတ်ထားရန် ညွှန်ကြားကြောင်း သိရသည်။

၄င်းထုံးဖိုစက်ရုံမှ ထွက်သည့် ထုံးအသန့်များအား ရွှေချက်သည့်နေရာ၌ အသုံးပြုရန် ချက်လုပ်ခြင်းဖြစ်ပြီး ထုံးကျောက်တစ်တန်လျှင် ကျောက်မီးသွေး ၂၀၀ kg ထည့်၍ စက်လည်ပတ်ရခြင်းဖြစ်သည်။

အဆိုပါစက်ရုံ၏ အနံ့ဆိုးသည် ထိုင်းမြန်မာနယ်စပ်မှ တစ်ဆင့် မယ်ဆိုင်ဖက်အထိရောက်ရှိပြီး မယ်ဆိုင်အခြေစိုက် Maesai press တွင် ပြည်သူများ မဖြစ်မနေ နှာခေါင်းစီးမက်စ်များတပ်ဆင်ရန် ညွှန်ကြားထားကြောင်း ဖော်ပြထားသည်။

#HsanLoiVoice

https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=

https://hsanloivoice.org/