ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းရှေ့ တာချီလိတ်မြို့အဝင် ဖားဟိရွာအနီး တောင်အဆင်းတွင် ဇန်နဝါရီလ ၁၆ ရက်၊ ညနေ ၆ နာရီအချိန်ခန့်က လမ်းမြေညှိယာဉ် (Wheels Loader) တစ်စီး ချောက်ထဲထိုးကျတိမ်းမှောက်ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
“ တောင်အဆင်းလမ်းမှာဖြစ်တာ အရှိန်လွန်ပြီးဖြစ်တာလို့ သိရတယ် ပေ ၁၅၀ အမြှင့်ကနေ အဲ့မြေညှိကားနဲ့ အတူပြုတ်ကျတာပေါ့ ပြုတ်ကျတဲ့ အမျိုး သားကသက်လတ်ပိုင်းလောက်ပဲ ရှိသေးတယ် ဦးလှမိုးအဖွဲ့တွေ ရောက်လာပြီး ကူညီကယ်ခဲ့ကြတာ ဆေးရုံသွားတဲ့လမ်းမှာပဲ သေဆုံးသွားတယ် ” ဟု တာချီလိတ်မြို့ခံတစ်ဦးကပြောသည် ။
အဆိုပါ မြေညှိကား ချောက်ထဲထိုးကျမှုကြောင့် အမျိုးသားတစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ကာ ဦးလှမိုးတာချီလိတ်လူမှုကူညီရေးအသင်းက ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်ပေးခဲ့ကြောင်းသိရသည်။
Photo : ဦးလှမိုး တာချီလိတ်လူမှုကူညီရေးအသင်း