ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်နယ် အရှေ့ပိုင်း ၊ တာချီလိတ်မြို့ လွယ်စတုံရွာအဝင်တံတားအနီးတွင်ယမနေ့ ည ဖေဖော်ဝါရီ၊ ၁၆ ရက် ည ၇ နာရီခွဲအချိန်ခန့်က လူငယ်အမျိုးသား တစ်ဦးအား ဓါးဖြင့်ခုတ်၍ ဆိုင်ကယ်လုယက်မှုဖြစ်ပွား ခဲ့ကြောင်း သိရသည် ။
“ ဆိုင်ကယ် အလုခံရတဲ့ လူငယ် ကအသက် ၁၆ နှစ်ပဲရှိသေးတယ် ၊ ဆိုင်ကယ်လုတဲ့ လူက ၂ ယောက် ဆိုင်ကယ်တော့ပါမသွားဘူး ဦးခေါင်းကို ဓါးနဲ့အခုတ်ခံထားရတယ် ” ဟု တာချီလိတ်မြို့ခံတစ်ဦးကပြောသည် ။
လုယက်သူများမှာ အဆိုပါ လူငယ်၏ ဦးခေါင်းအား ဓားဖြင့်ခုတ်လိုက်ခြင်းကြောင့် ၁၄ ချက် ချုပ်လိုက်ရပြီး ဆိုင်ကယ် ပါမသွားကြောင်း ၄င်းကဆိုသည် ။
စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း တရားဥပဒေ စိုးမိုးမှုမရှိသောကြောင့် နိုင်ငံနှင့်တစ်ဝှမ်း နေ့စဥ် ခိုးဆိုးလုနှိုက်မှုများဖြစ်ပွားနေပြီး အရေးယူဆောင်ရွက်မှု အလွန်နည်းပါးသောကြောင့် ပိုမိုအတင့်ရဲလာကြသည် ။