ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
တာချီလိတ်မြို့၊မကာအိုခမ်းရပ် ကွက်တွင် ဒီဇင်ဘာ ၁၆ ရက်နံနက်အစောပိုင်းက J My King Hotel တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဟိုတယ်ပိုင်ရှင်မြန်မာ နိုင်ငံ သားတစ်ဦးသေဆုံးခဲ့ကြောင်းသိရသည် ။
မကာဟိုခမ်းရပ်ကွက်၊ဂေါ်သဇင်လမ်းရှိ J My King Hotel ဟိုတယ်ပိုင်ရှင် ဦးစိုင်းရှန်(၄၁)နှစ် ဆိုသူအား ၎င်း၏လူယုံဖြစ်သူ ထိုင်ဝမ်နိုင်ငံသား Mr Tseng Yi Chia(၂၉)နှစ်က သေနတ်ဖြင့်ပစ် ခတ်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ဦးစိုင်းရှန်၏ လည်ပင်းညာဘက်ခြမ်းမှဘယ်ဘက်ခြမ်းသို့ ကျည်ဖောက်ဝင်ဒဏ်ရာ၊ညာလက်မောင်း ကျည်ဖောက်ဝင်ဒဏ်ရာ၊ညာလက်ဖျံကျည်ဖောက်ဝင် ဒဏ်ရာများရရှိကာ
အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့ကြောင်း သိရသည်။
ဦးစိုင်းရှန်အား သေနတ်ဖြင့်ပစ်သတ်ခဲ့သည့် ထိုင်ဝမ်နိုင်ငံသားသည် အခင်းဖြစ်နေရာမှထွက်ပြေးတိမ်း ရှောင်သွားသဖြင့်ဖမ်းဆီးရမိရေးအတွက်လုံခြုံ ရေး အဖွဲ့ဝင်များက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အခင်းဖြစ်စဥ်၌ ပြစ်မှုကျူးလွန်သူ ထိုင်ဝမ်နိုင်ငံ သား ၏အခန်းအား လုံခြုံရေးအဖွဲ့များကစစ်ဆေးရာ ပစ္စည်းထည့်သည့် ပလက်စတစ်ဗီဒို ၅ ထပ်ပါအတွင်းမှ ပစ္စတိုသေနတ်တစ်လက်နှင့်၎င်းကျည် ၁၇ တောင့်အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
#HsanLoiVoice
https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=
https://hsanloivoice.org/
Photo-ကိုသားချော(မောမြေ)