ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
တာကော်တံတားစစ်ဆေးရေးဂိတ်တွင် ဇွန်လိုင် ၅ ရက် (ယမနေ့ည) ၇ နာရီခန့်က WISH ကားတစ်စီးပေါ်တွင် လက်နက်/ ခဲယမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီ သတင်းချာနယ်ကဖော်ပြထားသည်။
၄င်းစစ်ဆေးရေးဂိတ်တွင် မော်တော်ယာဉ်များအား ရှာဖွေစစ်ဆေးနေစဉ် တာချီလိတ်မှ လားရှိုးသို့ မောင်းနှင်လာသော WISH/အဖြူရောင် (လိုင်စင်မဲ့) ယာဉ်ပေါ်တွင် လက်နက်/ ခဲယမ်းများနှင့်အတူ ယာဉ်မောင်းအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရေးသားထားသည်။
ဖမ်းဆီးရမိလက်နက်များမှာ – တရုတ်နိုင်ငံထုတ် စက်လက် ၅ လက်၊ Type-81-1 မောင်းပြန်ရိုင်ဖယ် ၄ လက်၊ တူရကီ နိုင်ငံထုတ် MK– 12 Buffer Bolt System ၁ လက်၊ ဂျာမနီနိုင်ငံထုတ် HK-MP-5 သေ နတ် ၁ လတ်၊ အီတလီနိုင်ငံထုတ် Pletro Berella ပစ္စတို ၁ လက်၊ ကျည် ၁၂၅ တောင့်၊ ကျည်အိမ်မျိုးစုံ ၁၅ ခု၊ စက်လက်ကျည်ခါးပတ်တွဲ ၄ ခုနှင့် လွယ်ကြိုး ၁ ချောင်းတို့ဖမ်းဆီးရမိခဲ့ကြောင်း ဖော် ပြထားသည်။