ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
တအာင်း TNLA တပ်က နောင်ချိုမြို့နယ်ရှိ ခမရ(၁၄၄) တပ်စခန်း၊ ရှုခင်းသာ ခလရ(၁၄၆)တပ်စခန်းနှင့် မိုးကုတ်မြို့ နယ်ရှိ အောင်သာယာ တပ်စခန်းနှင့် အာကာမိုးတပ်စခန်းအား သိမ်းပိုက်ပြီး စစ်ကောင်စီအလောင်း(၁၀) လောင်းနှင့် လက်နက်ခဲယမ်းမျိုးစုံ သိမ်းဆည်းရမိကြောင်း TNLA က ထုတ်ပြန်ထားပါသည်။
ဇွန်လ(၂၉) နံနက်(၇)အချိန်တွင် နောင်ချိုမြို့နယ်ရှိ ရှုခင်းသာ ခလရ(၁၄၆) တပ်စခန်း သိမ်းပိုက်နိုင်ခဲ့ပြီး မိုးကုတ်မြို့ အရှေ့ပိုင်း စစ်ကောင်စီ၏ အောင်သာယာနှင့် အာကာမိုးတပ်စခန်းကို ယနေ့ညနေ (၃း၅၅)အချိန်တွင် တအာင်း တပ်မတော် TNLA က တိုက်ခိုက်သိမ်းပိုက်ပြီး အလောင်း(၁၀)လောင်းနှင့် လက်နက်ခဲယမ်းများသိမ်းဆည်း ရမိကြောင်းသိရသည်။
မိုးကုတ်မြို့နှင့် နောင်ချိုမြို့ ရှိတပ်စခန်းများအား တိုက်ခိုက်သိမ်းပိုက်ရာတွင် စစ်ကောင်စီလက်နက်များဖြစ်သည့် ပစ္စတို(၈)လက်၊ MA-1(၈)လက်၊ MA-2 (၃)လက် MA-3 (၃)၊ G3(၂)လက်၊ ရိုက်ဖယ်သေနတ် (၁၅)လက်၊ ကာဘိုင်သေနတ် (၁၀)လက်၊ MA-15 ငါးဂျင်းမီး (၃)လက်၊ M79 (၁)၊ RPG (၁)လက်၊ ကွန်မန်ဒိုစိန်ပြောင်း (၄)လက်၊ 12MM (၁)လက်၊ 81MM(၂)လက်၊ 81MM နောက်ပွင့် (၁)လက်၊ 60MM (၂)လက်၊ ဂျမ်ဘာ (၂)ခု၊ ဗုံးများ၊ မိုင်းများနှင့် စကားပြောစက်များ သိမ်းဆည်းရမိထားကြောင်း သိရပါသည်။
ဒါ့အပြင် တအာင်းပြည် တပ်မဟာ(၂)စစ်ဒေသ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ် နှင့် တပ်မဟာ (၃) စစ်ဒေသ မိုးမိတ်မြို့နယ်တို့တွင် ဇွန်လ(၂၅)ရက်မှ ဇွန်လ (၂၉)ရက်အထိ စစ်ဆင်ရေး(၅)ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ ဗိုလ်မှူး အဆင့်မှ တပ်သားအဆင့် တပ်ဖွဲ့ဝင်(၅၃) ဦး လက်နက်ချအလင်းဝင်ခဲ့ကြောင်း သိရှိရပါသည်။