ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့က ကချင်ပြည်နယ် တရုတ် မြန်မာနယ်စပ် လွယ်ဂျယ်မြို့ အောင်ချမ်းသာရပ်ကွက်ရှိ အရက်ဆိုင်တစ်ဆိုင်မှ အရက်သောက်သုံးမိသူ ၁၀ ဦးသေပြီး ၂ ဦး ဆေးရုံရောက်ခဲ့ရကြောင်း သိရသည်။
အရက်များကို ဗန်းမော်မြို့မှ ယူဆောင်ရောင်းချခြင်းဖြစ်ပြီး ပုံမှန်သောက်သုံးနေကျသူများမှ သောက်သုံးခြင်းဖြစ်ပြီး ယခုလိုအဖြစ်ကြုံတွေ့ခဲ့ခြင်းဖြစ်သည်။ ၎င်းအရက်များကို ရောင်းချသော ဒေါ်မူမူ အရက်ဆိုင်မှ အရက်များကို သောက်သုံးခြင်းမပြုရန်လည်း သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ကြေညာခဲ့သည်။
၎င်းအရက်ကို သောက်မိသူများသည် ရုတ်တရက်မျက်စိအမြင်မှုန်ဝါး၊ အသက်ရှုမဝ ဖြစ်လာ၍ လွယ်ဂျယ်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသမှု ခံယူနေစဉ် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။
#HsanLoiVoice
https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=
https://hsanloivoice.org/